အပိုင်း(၂၇)..uni

411 16 0
                                    

" ငယ်လေး အိပ်ချင်သွားအိပ်ပါ့လား  အပေါ်မှာ မ အခန်းရှိတယ် "

" ဟမ်  အင်း  ကျွန်တော်မအိပ်ချင်ပါဘူး အဟင်းး "

ငိုက်နေရင်းမရဲ့အသံကြောင့် ပြူးပြဲကာ  ငြင်းလိုက်မိသည်။

မေရီကိုစိတ်မချဘူးဆိုပြီး  ညဘက်ထိပါလာစောင့်ပေးနေတဲ့ သျှင်ခေတ်သစ်ရယ်ပါ။

အိပ်ချင်နေတာကိုမျက်လုံးတွေအတင်းပြူးပြဲထားကာ မေရီဘေးတွင်ထိုင်နေတယ်...

အဲ့ဒါကိုမေရီက အိပ်ခိုင်းတော့လဲ မအိပ်ချင်ပါဘူးလုပ်နေလေရဲ့။

" ဟို မကရပါတယ် ငယ်မရရင်သွားအိပ်နော် "

" ဟုတ်  ကျွန်တော်ရပါတယ် "

အိမ်မှာဆို ဒီသောက်လုံးနှစ်လုံးက မိုးလင်းပေါက်ထိအောင်မအိပ်ချင်လို့gameတွေတောင်ထိုင်ဆော့နေသေးတာ..

ခုမှ အရမ်းတွေအိပ်ချင်နေလေရဲ့  သောက်ကျင့်ကိုမကောင်းတဲ့ မျက်လုံး..

အိပ်ချင်ပြေအောင် ဘေးမှာရှိတဲ့ရေတွေကိုကောက်မော့ပစ်လိုက်မိသည်။

ရေသောက်ရင်း အတွေးထဲဝင်လာတာ ဟို လဒစုတ်  ဝမ်ရိပေါ်  ဒင်းကတော့လင်နဲ့သာယာနေမှာမြင်ယောင်သေး  သောက်ကျင့်ကိုကငါ့မျက်လုံးအတိုင်း တစ်စက်မှာကိုမကောင်းဘူး....

" ဟွန်  ဖလူးကောင်  ချီးလိုဘဲ သောက်ကျင့်ကိုမကောင်းဘူး "

တွေးနေရင်မနေနိုင်ဘဲ ပါးစပ်ကပါထုတ်ပြောလိုက်မိပြီးမှ ဘေးမှမရှိနေမှန်းသတိရလိုက်သည်....

" ငယ်  တစ်ယောက်ထဲဘာတွေပြောနေတာလဲ  အိပ်ရင်းယောင်နေတာလား "

" အာ  မဟုတ်ဘူးရယ်မ  ဒီတိုင်းဘဲ  ဒီတိုင်း "

အားးးငခေတ်ရေးးမင်းသေလိုက်ပါတော့  အိပ်ငိုက်တာ မ သိနေတယ်ပေါ့   ရှက်လိုက်တာကွာ...

မေရီမှာတော့ သျှင်ခေတ်သစ် ဖြစ်သွားတဲ့ပုံကိုကြည့်ကာ ပြုံးလိုက်မိသည်...

ဒီကလေးက အရမ်းကလေးဆန်တာ ချစ်စရာလဲကောင်းတယ်  အခုလဲ မ ကိုစိတ်မချလို့ လာစောင့်ပေးမယ်ဆိုပြီး အနားမှာအိပ်ငိုက်နေလေရဲ့။

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Donde viven las historias. Descúbrelo ahora