ပြုံးစိစိနဲ့ဝင်လာတဲ့ရိပေါ်ကိုသျှင်ခေတ်သစ်တစ်ယောက် မကျေမနပ်ကြည့်ကာ လက်ခလယ်ထောင်ပြလိုက်တော့သည်။
" ဒီမှာ မင်းပြန်ရှင်းပြလိုက် "
အော် မနဲ့တော့ခက်နေပါပြီလေ ဟိုလင်းဒ ပြုံးဖြီးပြီးဝင်လာတာမြင်ရက်နဲ့သူ့ကိုလာရှင်းပြခိုင်းနေသေး။
မရခင်ကတည်းကကြောက်နေရတဲ့ဘဝဆိုတော့လဲ မတက်နိုင်ဘူးလေ။
" ဟို ကျွန်တော်ကလေတကယ်တော့ရိပေါ်သူငယ်ချင်းပါ ဘာမှမဟုတ်ပါဘူး သူ့ကိုစချင်လိုဒီလိုလုပ်လိုက်တာပါ ပြီးတော့ အဲ့ဒါကလဲကျွန်တော့်အပြစ်ကြီးဘဲပြောလို့မရဘူးနော် ဟိုကောင်ပေါ်ကြီးလဲအပြစ်ပြော သူလဲပါတယ် "
ပြောရင်းဆိုရင်းနဲ့ကိုသူ့ကိုမကျေမချမ်းအပြစ်ပြောနေတဲ့သျှင်ခေတ်သစ်မျက်နှာကြီးကိုကြည့်ကာ ရိပေါ်မှာ မရယ်မိအောင်အတော်ထိမ်းနေရသည်။
" ဟာ ဘာလဲ ငါနဲ့ဘာမှမဆိုင်ဘူး မင်းဟာမင်းအဲ့လိုကြီးဝတ်ပြီးလာတာလဲ အဲ့လိုငါလုပ်ခိုင်းလို့လား မဆိုင်လိုက်တာ ဟွန့် "
" မင်းအဲ့လိုတော့မပြောနဲ့လေ မနပ်ကမင်းငါ့ကိုဘယ်လိုတွေနှိမ်ထားတာလဲ "
" ဟွန် အဲ့ဒါအမှန်တရားဘဲလေ မင်းကဘာလို့မပါတဲ့ဟာနဲ့ငါ့ကိုလာဆဲနေလဲ ငါလဲပြောမှာပေါ့ "
" ငါပြောပြီးပြီလေ ငါ့မှာမပါလို့ငါ့ပါးရဲ့ဟာ ငှားဆဲတာလို့ "
" အော် အဲ့လိုဆဲလို့ရတယ်ပေါ့ ဟုတ်လား "
" ရတယ်ဟာ ရတယ် "
ရုံးခန်းထဲလာပြီး ရန်ဖြစ်နေတဲ့ကလေးလိုလိုလူကြီးလိုလို ဟိုမရောက်ဒီမရောက်နှစ်ကောင်ကိုကြည့်ကာ ရှောင်ကျန့်နဲ့မေရီနဲ့မှာရယ်ရခက်ငိုရခက်။
တကယ်ပါဘဲ တစ်ယောက်တစ်ယောက်စကားနိုင်လုပြီး မပြီးနိုင်မစီးနိုင်ရန်ဖြစ်နေကြသေးသည်လေ။
" တော်ကြပါတော့ နှစ်ယောက်စလုံး ရန်ဖြစ်နေရအောင်ကလေးလားပြော "
" ဟုတ်တယ် "
ဟုတ်တယ်ဆိုပြီးနှစ်ယောက်သားပြိုင်တူလှည့်အော်လိုက်သေး တကယ်မနိုင်စိန်တွေ ။
ŞİMDİ OKUDUĞUN
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Hayran Kurguတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..