တကယ်ဘဲလွမ်းတယ် မတွေ့ရတာဖြင့်တစ်မနက်ခင်းလေးဘဲရှိသေးတာကိုဦးကိုအရမ်းလွမ်းနေပြီ။
" ဦးရာ လွမ်းလိုက်တာ "
လူတွေပြောပြောနေတဲ့ စကားတွေထဲက ချစ်ခြင်းရဲ့အစကမုန်းခြင်းဆိုတာစကားကိုတကယ်လက်ခံမိတယ်။
ဟုတ်တယ်လေ သူလဲဦးကိုစတွေ့တုန်းကအမြင်ကပ်ပြီး မုန်းနေတာလေ ခုတော့လည်းသူ့တွက်အချစ်ဆုံးကြီးဖြစ်နေခဲ့ပြီ။
ချစ်မိသွားတာဦးကို။
" အန်တီ အန်တီ "
ကြားလိုက်ရပါပြီ လူမမြင်ရသေးဘူး ငှက်စုန်းထိုးသံကြီးကအရင်ကြားနေရရော။
တကယ်ဘဲ ရုပ်ကိုက မချိုမချဥ်လဒရုပ်နဲ့ ။
" ဟယ် သမီး ရောက်လာပြီလား သားငယ်လဲဒီနေ့အလုပ်မသွားဘူးကွဲ့ "
" သွားရမှာ မနက်ခင်းပဲနားတာ"
ထိုအခါမှအပေါ်ထပ်ကဆင်းလာတဲ့သူ့ကိုမားနဲ့ဟိုလဒကပြူးပြဲကြည့်ပြီ။
" ဟင် ညနေသွားရမှာလားသားက "
" ဟုတ်တယ် မား "
" အဟမျး အဟမျး "
" ဟင် သမီး ဘာဖြစ်လို့လဲ "
" အော် အဟမ်း ဘာမှမဟုတ်ပါဘူး ချွဲကျပ်လို့ပါ အဟမ်း "
ရိပေါ်တစ်ယောက် သျှင်ခေတ်သစ်ကို မျက်လုံးပြူးပြရ ပြဲပြရနဲ့ တကယ်ဘဲလွယ်ကူမနေဘူး။ဒီကောင်အရမ်းမွှေလွန်းတာ..
သူ့နဲ့ဦးကိစ္စမားသိလို့မရသေးဘူးလေ စောလွန်းပါသေးတယ်။
" အဟမ်း ငခေတ် မင်းငါ့စီလာတာမို့လား လာလာ ခြံထဲသွားရအောင် "
" အော် ကြောက်တက်လိုက်တာ ကျွတ်ကျွတ် ကဲပါသနားသောအားဖြင့် လိုက်ခဲ့ပေးမယ်"
ရိပေါ်ကတော့ အပြင်ရောက်ရင်ငခေတ်ကိုထုစုတ်ပြစ်မယ်လို့စိတ်ထဲမှာတေးထားလိုက်သည်။
" အဟဲ ငါ့ကိုထုမယ်တော့မကြံနဲ့နော် ငါတကယ်ပြောပြလိုက်မှာ ဟွန်း "
ကဲ...
ကြည့် သူ့အတွေးတွေကိုသိနေတယ်လေ။" ငခေတ် လဒ မင်းတော်တော်သောက်ကျင့်ယုတ်တာဘဲ ကျဲကိုတိုင်ဦးမယ် "
YOU ARE READING
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Fanfictionတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..