❤️ဦးရဲ့သဲငယ်❤️အပိုင်း(၆)❤️
" ရောက်ပြီ "
" သိပါတယ် "
" မျက်နှာကိုက ဘာမှန်းမသိဘူး ပြောင်စပ်စပ်နဲ့ "
ရိပေါ်ကရှောင်ကျန့်မကြားအောင်တိုးတိုးလေးပြောလိုက်ပေမဲ့၊သူရဲ့မျက်နှာကိုသာအရိပ်တကြည့်ကြည် ကြည့်နေတဲ့လူကြီးကကြားဖြစ်အောင်ကြားသွားတယ်လေ။
" အဲ့ဒါ ချာတိတ်ကြောင့် "
" ဟွန် ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး "
" ဟုတ်တယ် ချာတိတ်ကြောင့်အကုန်ပြောင်းလဲကုန်တာ "
ထိုလူကြီးဘယ်ကိုဦးတည်နေတယ်ဆိုတာသူသိတ်သိတာပေါ့။
" စကားများလိုက်တာ ဖယ် ဆင်းတော့မယ် "
" ဟီးး မဆင်းစေချင်တော့ဘူး အိမ်ကိုတစ်ခါထဲခေါ်သွားချင်တာ "
" ဆုတောင်းနေအဲ့မှာ "
မဲ့ကာရွဲကာနဲ့ပြောပြီးကားပေါ်ကဆင်းသွားတဲ့ချာတိတ်ကိုကြည့်ကာရှောင်ကျန့်မှာတော့အသဲတယားယား။
" ကလေးစုတ်လေ အသဲယားလိုက်တာကွာ လူကိုမနေနိုင်မထိုင်နိုင်ဖြစ်အောင်လုပ်တာ အဲ့ကလေးစုတ်လေးဘဲ "
ကားထဲကလူပျိုကြီးတစ်ယောက်ရန်ခုန်လွန်းလို့ရင်ဘတ်လေးကိုဖိပြီးခနလေးငြိမ်ပြီးမှ ကားလေးကိုမောင်းထွက်သွားခဲ့တော့သည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ရိပေါ်အိမ်ထဲဝင်လာလာချင်း။
" သား အလုပ်မှာအဆင်ပြေလားဟင် "
ရိပေါ်လဲတစ်ပေါ်ထဲရှိတယ်ဘယ်ရမလဲ
မားရှေ့သွားပြီးမျက်နှာငယ်လေးနှင့်အလွန်သနားစရာရုပ်ကလေးလုပ်ပြီး။" မပြေဘူးသိလား အဲ့လူကြီးးကလေသားကိုဆူတယ်
ပြီးတောနားမလည်တာတွေလဲသင်မပေးဘူး အလုပ်တွေလဲအများကြီးခိုင်းတယ် ဟင့် ဟင့် "" ဟုတ်လို့လားသားရယ် သားပါးပြောတာတော့ ရှောင်သူဌေးက သဘောကောင်းပါတယ်တဲ့ ပြီးတော့အလုပ်လဲအရမ်းကြိုးစားတာတဲ့သိလား "
" အဲ့ဒါပါးတို့ရှေ့မို့တမင်လုပ်ပြတာနေမှာပေါ့ တကယ်တော့အဲ့လူကြီးကမကောင်းဘူး မား ပါးကိုကူပြောပေးပါဗျာ နော် အဲ့မှာမလုပ်ချင်တော့ဘူး "
YOU ARE READING
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Fanfictionတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..