အပိုင်း(၂)..uni

1K 53 0
                                    

ဦးရဲ့သဲငယ်❤️အပိုင်း(၂)❤️

ရိပေါ်ပါးဆီကပြန်လာပြီးအိမ်ရောက်တော့
တစ်ယောက်ထဲကျေနပ်နေလေရဲ့။

ဘာလို့ဆိုဟိုလူကြီးအထိနာသွားတယ်လေ။

မျက်နှာတည့်တည့်ကြီးကိုဝင်မှန်တာ။

နည်းတောင်နည်းသေးတယ် မျက်နှာကိုစပ်ဖြီးဖြီးနဲ့
ကြည့်လို့ကိုမရဘူး။

ဘာတဲ့လူကိုများချစ်စရာကောင်းတယ်တဲ့ လူကိုဘာထင်နေလဲမသိဘူး ဟွန်းး။

နောက်ခါဒီထပ်ပိုနာပြီသာမှတ် လက်သီးကအကြီးကြီးဘဲ ဘာမှတ်။

ရိပေါ်တစ်ယောက်ထဲမကျေမနပ်စကားတွေပြောနေတော့တယ်။

အိပ်ဖို့ကြိုးစားပေမဲ့လဲမအိပ်ချင်တော့တာမို့ ဟိုလဒနှစ်ကောင်ဆီဖုန်းလှမ်းဆက်လိုက်တော့သည်။

" ဟယ်လို "

" ဟယ်လို မလုပ်နဲ့ ငါပျင်းတယ် ရုပ်ရှင်သွားကြည့်ရအောင်ကွာ "

" အေး နေဦးငါကျင်းလင်ကိုနိုးလိုက်ဦးမယ် "

" အဲ့ကောင်က ခုထိအိပ်ရာကမထသေးဘူးလားဟ "

" ဟုတယ်ဟေ့ သေနေတာ ခုထိမထသေးဘူး "

" လခွမ်း ထပြီဟ ချီးဖြစ်လို့ငါ့ကိုပြောနေတာလား "

အိပ်နေရာကနေသူ့အတင်းပြောသံကြားတော့ထပြီးရန်လုပ်လိုက်တဲ့ကျင်းလင်ကြောင့် ရိပေါ်တခွီးခွီးနဲ့ထရယ်လိုက်တော့သည်။

" သေမလို့ရယ်နေတာလား နေစမ်းပါအုံးမင်းကတော့ဒီနေ့ဘာလို့ဒီချိန်ထိမသေတာလဲ ခွေးကောင် လဒရဲ့ "

ကျင်းရီလက်ထဲကဖုန်းကိုဆွဲလုပြီး ရိပေါ်ကို
မျက်နှာတောင်မသစ်ရသေးစောစောစီစီး ဆဲလိုက်မိပြီလေ။

" နောက်မှဆဲကွာ အာပုတ်ဆော်နံတယ် မြန်မြန်လုပ်စောင့်နေမယ် လာခေါ် ဒါဘဲ "

" ခွေးကောင် သွားလဲခေါ်ရဦးမယ် စွကျောကြီးနဲ့ သေလိုက်ပါ့လား လဒစုတ်ရဲ့ "

သူကတေ့ာအားရပါးရဆဲနေရတာဟိုကဖြင့်ဖုန်းချပြီးဂိမ်းတောင်နှိတ်နေလောက်ပြီ။

ကျင်းလင်အဖြစ်ကိုကြည့်ပြီးကျင်းရီတစ်ယောက်ပြုံးစိစိကြီးလုပ်နေမိတော့သည်။

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Onde histórias criam vida. Descubra agora