အပိုင်း(၃၂)..uni

406 19 0
                                    


ဝမ်အိမ်တော်ရှေ့ ကားလေးထိုးရပ်လိုက်သည်နှင့် မျက်နှာလေးဇီးရွက်လောက်နဲ့ အိမ်ထဲသို့လှမ်းကြည့်နေတဲ့ ကလေးငယ်.....

အဲ့လိုဆိုတော့လဲ သူစိတ်မကောင်းပါ ..

" သဲငယ်  ဘာမှမဖြစ်ဘူးနော် ကိုယ်ရှိတယ်သိလား  ပါးသဲငယ်ကိုဘာမှမပြောစေရဘူး "

သူကလေးငယ် လက်လေးကိုကိုင်ကာ နှစ်သိမ့်ပေးလိုက်တော့.....

" ဟွန့်  အဲ့ဒါ ဦးကြောင့် "

နှာခေါင်းလေးရှုံ့ မျက်စောင်းလေးဝံ့လို့ပြန်လည်ချေပလာတဲ့ အဆိုးလေး...

" အာ  ဟုတ်ပါတယ်  ကိုယ့်ကြောင့်ပါ  အဲ့တွက်လဲတောင်းပန်တယ်လေ ကိုယ်ကသဲငယ်ကိုချစ်လွန်းလို့ဖြစ်သွားတာပါ "

" ဟွန့်  ပြောလိုက်ရင်  အမြဲအဲ့တိုင်းကြီးဘဲ "

" တကယ်လဲချစ်တာကိုးး "

ဒါတောင်နှုတ်သီးကိုထော်ထားပြီး စိတ်ကောက်တဲ့ပုံစံလေးက အသဲယားစရာ...

" ကဲပါ  အခုတော့ ပါးတို့ကိုဝင်တွေ့ရအောင်လေ နော်  ဆင်းစို့ "

ခေါင်းလေးငြိမ့်ပြပြီး ကားတံခါးဖွင့်ဆင်းနေတဲ့ ကလေးငယ်က အနည်းငယ်စိတ်လှုတ်ရှားနေပုံပင်....။

" အော်  ဆင်းတော့လာသားဘဲ  ငါကတော့ ကားပေါ်တင်မင်္ဂလာဆောင်နေတာလားလို့ ဟွနိး "

သူဖုန်းဆက်ထားလို့ အပေါက်ဝတွင်ကြိုစောင့်နေကြသော မေရီနဲ့သျှင်ခေတ်သစ် ကိုပင် မေ့နေတာ မေရီပြောမှဘဲ အဲ့ဒါကိုသတိရတော့တယ်...။

" အာ  ငါနင်တို့ကိုမေ့နေလို့  sorry sorry "

သူ့အပြောကြောင့်မေရီက ယဥ်ကျေးစွာဘဲပြုံးကာ လက်ခလယ်လေးထောင်ပြ လာသည်...။

" ဒါဘဲရမယ်နော် ငါ့သားလေး "

ရွဲ့ပြောနေမှန်းသိသောရှောင်ကျန့်ကလဲ....

" ဟုတ်ကဲ့ပါ မားမားးး "

" နင်မေကြီးတော်ကို မားမား လား "

" ငါ့အမေကြီးတော်က နင်လေ "

ကလေးမဟုတ် သူငယ်မဟုတ် စကားနိုင်လုရင်း  ရန်ဖြစ်နေသော ရှောင်ကျန့်နဲ့မေရီကြောင့်ဘေးက ရိပေါ်နဲ့သျှင်ခေတ်သစ်ကပြုံးစိစိ...။

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Where stories live. Discover now