အပိုင်း(၅)..uni

763 37 0
                                    

❤️ဦးရဲ့သဲငယ်❤️အပိုင်း(၅)❤️

" ဝမ်ရိပေါ်!!!! မင်းဘယ်လိုကြီးဝတ်ထားတာလဲ ခုသွားမှာအလုပ်သွားမှာနော် "

ရိပေါ်လဲသူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်ပြီး..

" ပါးကလဲ ဘယ်လိုဝတ်ထားလို့လဲ ဒီတိုင်းဘဲဝတ်ထားတဲ့ဟာကို "

" ခုချက်ချင်းပြန်လဲခဲ့  ဒါဘဲနော်ဝမ်ရိပေါ်  မင်းငါ့အကြောင်းသိတယ်နော် "

" ပါးအနိုင်မကျင့်တော့နဲ့ဗျာ ပါးစိတ်တိုင်းကျလဲသူများကုန်မဏီမှာ အလုပ်ဝင်တော့မှာလေ  ဒီအဝတ်စားကိစ္စနဲ့တော့ မပြောတော့နဲ့ဗျာ့ "

ရိပေါ်ခုမနက်ဘဲရှောင်ကျန့်ဆီမှာအလုပ်ဝင်ရတော့မှာဖြစ်သည်။

သူဝတ်ထားတာကလဲတီရှပ်အပွလေးနဲ့ဂျင်းဘောင်းဘီအနက်ရောင်လေးကိုမှဒူးနားလေးမှတစ်ချစ်အပြဲလေးနဲ့မို့လူငယ်စတိုင်ပေါ့ပေါ့ပါးပါးပင်။

ပါးတို့ဝတ်သလိုကြီးသူလုံးဝပင်မဝတ်နိုင်  မကျေနပ်လဲမတက်နိုင်ဘူး ။

ဝမ်ပါးလဲဘယ်လောက်ပြောပြော ပြောမရတော့တာမို့ဒီတစ်ခါတော့အလျော့ပေးလိုက်တော့သည်လေ။

ရှောင်ကျန့်ကလဲဘာမှတော့မပြောလောက်ဘူးပေါ့။

တကယ်ပြောမနိုင်ဆိုမနိုင်ဟာလေး  အလုပ်သွားပါတယ်ဆို ဝတ်ထားတာကအလုပ်အဝတ်နဲ့နည်းနည်းမှပင်မပတ်သက်။

ဝမ်ပါးလဲလက်လျော့ကာရှောင်ကျန့်ကုန်မဏီသို့မောင်းခဲ့လိုက်တော့တယ်။

ဒါတောင်ဆိုင်ကယ်နဲ့သွားမယ်တကဲကဲလုပ်နေတာမို့မနည်းမရ  ရအောင်ပြောထားရတဲ့အဖြစ်။

" ဝမ်ရိပေါ်  မင်းငါ့ကိုမျက်နှာပျက်အောင်မလုပ်နဲ့နော်
ရှောင်ကျန့်ဆီကပြန်တိုင်သံကြားလို့ကတော့ မင်းငါနဲ့တွေ့မယ် "

တလမ်းလုံးလဲတတွတ်တွတ်ပြောပြီးပြီဒါကိုအားမရသေးခုကုန်မဏီရှေ့ပင်ရောက်နေပြီပြောလို့မပြီးသေးတဲ့ပါးကိုသူအမြင်ကပ်စွာတစ်ချက်ကြည့်လိုက်ပြီး။

" ပါးရာ  မမောဘူးလားဗျာ သားအကုန်ကြားပါတယ် တခွန်းပြောရတယ်  ပါးအစားသားမောလွန်းလို့ဗျာ "

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Nơi câu chuyện tồn tại. Hãy khám phá bây giờ