" ဉီးကလည်း ကလေးကြနေတာပဲ "
ဖုန်းသံကြောင့်စူပုတ်နေတဲ့ဉီးကို ရိပေါ်ကရယ်ကျဲကျဲလေးပြောကာ ဘေးကဖုန်းကိုကောက်ကိုင်လိုက်သည်။
" ဟယ်လို "
" ဟယ်လိုတွေဘာတွေလုပ်မနေနဲ့ ငါ့ကိုတံခါးလေးတော့လာဖွင့်ပေးဉီးဟ ဒီမှာ ဉီးလေးကြီးတစ်ယောက်ကစစ်လားဆေးလားနဲ့ မသိရင်ငါတို့ကသူခိုးတွေလိုဘဲ အဝင်မခံဘူးတဲ့ဟ!.. "
ဉီးနဲ့စကားပြောရင်းဖုန်းကောက်ကိုင်လိုက်တာမို့ nameကိုမကြည့်လိုက်ရဘဲ ဟယ်လို လုပ်လိုက်မိတာ ခုတော့ အဖျက်ကောင်ငခေတ်ဖြစ်နေတာကိုး။
သူပင်ဘာမှမပြောရသေး ဟိုဘက်ကတရစပ် ပြောသွားလိုက်တာများ။
နေပါဉီး ငခေတ်ပြောတာ တံခါးလာဖွင့်ပေးဉီးဆိုလား ဘာလား ဉီးတို့အိမ်ရှေ့မှာများလား ။
" ဟင် မင်းကဘယ်တံခါးကိုလာဖွင့်ခိုင်းတာလဲ ငါကဉီးရဲ့အိမ်မှာဟ "
" အေးဟေ့ မင်းရဲ့ဉီးအိမ်ရှေ့မှာ "
" ဟမ် ဘယ်လို မင်းကဉီးအိမ်ကိုဘယ်လိုသိတာလဲ ငါ့ကိုလာနောက်မနေနဲ့ငခေတ်စုတ် "
" ဟာကွာ သေသာသေလိုက်ချင်တော့တယ် တကယ်ဟ ဒီမှာကျင်းရီနဲ့ကျင်းလင်လဲပါတယ် လုပ်ဟ ဒီမှာက အဝင်မခံဘူး ငါတို့ရပ်နေရတာခြေထောက်တွေတောင်ညောင်းနေပြီနော် မြန်မြန်ဟ "
" ဟမ် တကယ်ဆိုရင်ခန ခန မဟုတ်ရင်တော့မင်းသေပြီငခေတ် "
" တီ... "
ရိပေါ်ပုံစံကပြူးတူးပြဲတဲရယ် အံ့သြနေတာလဲပါတာပေါ့။
" ဘာဖြစ်တာလဲ သဲငယ် ကိုယ့်အိမ်ဆိုတာကြားတယ် "
" ဉီး ငခေတ်တို့ကအိမ်ရှေ့ရောက်နေတယ်တဲ့ တံခါးလာဖွင့်ပေးဉီးတဲ့ ဟ်ုဉီးလေးကြီးကအဝင်မခံဘူးတဲ့ "
ရှောင်ကျန့်သဘောပေါက်ကာ သူ့ရဲ့ဖုန်းကိုယူလိုက်ပြီး ခြံစောင့်ဉီးလေးကြီးဆီ ဖုန်းဆက်ကာ ဝင်ခွင့်ပြုလိုက်သည်။
တကယ်တော့ လူစိမ်းတွေအဝင်မခံဖို့သူကမှာထားတာပါ ဘာလိုဆို ခုတလော လုပ်ငန်းကိစ္စအရှုတ်တွေနဲ့ရော လူမှုရေးကိစ္စပြသာနာတွေရောကြောင့်ပါ။
KAMU SEDANG MEMBACA
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Fiksi Penggemarတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..