အပိုင်း(၄)..uni

739 40 1
                                    

ဦးရဲ့သဲငယ်❤️အပိုင်း(၄)❤️

ရိပေါ်တစ်ယောက်ကျောင်းပြီးမှာကိုပင်ကြောက်နေရတော့တယ်၊ပါးကိုလဲမလွန်ဆန်နိုင်ဘူး။

" ဘယ်လိုစိတ်ကူးနဲ့များလုပ်ရက်ရတာလဲပါးရယ် "

ရိပေါ်စိတ်ပျက်လက်ပျက်ပင်ညည်းလိုက်မိသည်။

" ပါးကိုလဲတကယ်စိတ်ကုန်မိတယ်မိတယ်  ကိုယ့်သားနုနုထွတ်ထွတ်လေးကိုဟိုနှာပူကြီးဆီမှာအလုပ်ဝင်ခိုင်းတယ် "

" ဟိုလူကြီးငါ့ကိုထပ်ပြီးအနိုင်ကျင့်ရင်ဘယ်လိုလုပ်ရပါ
အားးးး  ရက်စက်လိုက်ကြတာဟီးးး "

ရိပေါ်တစ်ယောက်မထွက်တဲ့မျက်ရည်ကိုအတင်းညစ်ပြီးအာပြဲကြီးနဲ့အော်ငိုနေတယ်လေ။

" ခုချိန်ငါငိုလဲဘယ်သူမှသိမှာမဟုတ်ဘူး  ဟဲဟဲပါးတို့ရှေ့ကြမှငိုတော့မယ် "

ရိပေါ်လဲနောက်နေ့စာမေးပွဲရောက်လာပြီမို့ပို၍ပင်စိတ်ညစာနေရတော့သည်။

🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

ရှောင်ကျန့်အချိန်တွေကိုမြန်မြန်ပင်ကုန်စေချင်မိသည်။

ကြားထဲတပတ်ဆိုတဲ့အချိန်ကတကယ်ပင်ငြီးငွေ့စရာကောင်းလှသည်ဟုထင်မိတယ်။

ချာတိတ်ကိုလွတ်ပေးတဲ့သဘောနဲ့သူကျောင်းရှေ့ကိုသွားမစောင့်ဖြစ်တော့ပါ။

ခနတော့လွှတ်ပေးထားလိုက်မယ်လေ အချိန်ကျရင်ကိုယ့်ဆီရောက်လာမှာဘဲဟာကို။

မုန်ဆီကြော်ကဘယ်နေမှန်းမသိနှုတ်ခမ်းကအနာနဲ့တည့်ပါ့မလားဆိုသလိုဘဲ။

ရိပေါ်ကဘယ်နေမှန်းမသိရိပေါ်တွက်စာပွဲခုံတွေအကုန့်သူ့အခန်းထဲကိုပင်ရွေ့ပြီးနေပြီလေ။

အဲ့ဒါကလဲသူ့အစီစဉ်ပင်ရိပေါ်ကိုသူမျက်စိအောက်ကပင်အပျောက်မခံချင်ပါ။

သူ့ဝန်ထမ်းတွေနဲ့သူအတူတူထားလိုက်ရင်မတွေးဝံ့စရာပင်။

သူ့သဲငယ်မျက်စိကျွတ်ကျမတက်ဝိုင်းငမ်းနေမှာမြင်ယောင်သေးတယ်။

ကျောင်းမှာလဲအဲ့လိုဘဲလားဟုအတွေးထဲပေါ်လာကာ၊

ပို၍ပင်စိတ်ပူမိသည်။

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Tempat cerita menjadi hidup. Temukan sekarang