အချိန်တွေက အကုန်မြန်တာမဟုတ်ပါဘဲသူ့တို့ကဘဲ အမြန်စီစဥ်လိုက်မို့ မနက်ဖြန်ဆို သဲငယ်နဲ့သူရဲ့ မင်္ဂလာပွဲသို့ရောက်ရှိလာတော့မည် ဖြစ်သည်....။
" သဲငယ် "
" ဗျာ "
" ကိုယ်အရမ်းပျော်တာဘဲ "
" ဟွန် ပြောပြန်ပြီ ဒီစကား "
" ဟုတ်တယ် တကယ်ပျော်တာ သဲငယ်ကိုပိုင်ဆိုင်ရလို့ "
" ဟီးးးး ကျွန်တော်ရောဘဲ ဦးကိုပိုင်ဆိုင်ရလို့ ပျော်တယ် "
တုန့်ပြန်မှုလေးက ချိုမြိန်လိုက်တာ....
" ချစ်လားးး ကိုယ့်ကို "
" များကြီးချစ် "
" အတက်လေး အရမ်းချစ်ဖို့ကောင်းတယ် "
တကယ်ချစ်တာပါ သူ့ဘက်ကအရင် စချစ်ခဲ့မိတာ မဟုတ်ပေမဲ့လို့ ဦးကိုတကယ်ဘဲချစ်မိသွားတာ....
လူအများလို ချစ်တယ်ဆိုတဲ့စကားကို ဖွဲ့နွဲ့ပြီး စာစီမပြောတက်ပေမဲ့လို့ ချစ်ရတဲ့သူကို အကောင်းဆုံးတွေဘဲပေးအပ်ချင်မိတယ် တစ်ဘဝလုံးမခွဲဘဲ အတူနေချင်မိတယ် သူ့ရဲ့ရည်မှန်းချက်လေးကရိုးရှင်းပါတယ် အဓိက ကဦးနဲ့အတူရှိချင်မိတာတစ်ခုဘဲ....။
သူ့ရဲ့အရာရာက ဦးဘဲမို့ ဦးရဲ့အရာရာကိုလဲ သူဘဲဖြစ်ချင်မိတာ....။
အတ္တကြီးတယ်ဆိုရင်တောင်.....
မျှတတဲ့အတ္တကြီးမှုတစ်ခုဘဲ မဟုတ်လား.....။
...........................................
" အံမယ် လူပျိုကြီးက ဒီလိုကြတော့လဲ ခန့်သန့်နေရော ဟာဟ "
အဖြူရောင် ဝတ်စုံနဲ့ ချောမောနေသော ရှောင်ကျန့်အား မျက်နှာလိုက်ပြောင်နေသော မေရီ...။
" ငါကအစကထဲက အရမ်းချောပါတယ် ဒါနဲ့ ငါကလူပျိုမဟုတ်တော့ဘူးနော် အဟက် "
" အော့ နည်းနည်းမှကို ပြောလို့မရပါလား နင်နဲ့တော့ ငါ့မောင်လေးကို နှမြောလိုက်တာ "
" စိတ်မကောင်းပါဘူးဟာ သဲငယ်ကလဲ ငါမှငါဖြစ်နေတော့လေ ဟားးးဟားးး "
" ဆုတောင်းလေ လဒမှိုင် မှိုင်ပြီး ကားတင်ပြေးတာဘယ်သူလဲ "
" ပြေးတော့ဘာဖြစ်လဲ သဲငယ်တောင်ငါ့ကိုအပြစ်မပြောဘူး "
ESTÁS LEYENDO
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Fanficတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..