အပိုင်း.(၁၄).uni

563 35 0
                                    

❤️ဦးရဲ့သဲငယ်❤️အပိုင်း(၁၄)❤️

ဒီနေ့မနက် ရှောင်ကျန့်တစ်ယောက်အစောကြီးနိုးနေမိသည်။

ဘာရယ်ကြောင့်မှန်းမသိ  စိတ်တို့ထိုင်းမှိုင်းကာလေးလန်နေသယောင်။

စိတ်မပါစွာ  ကိုယ်လက်စန့်စင်ပြီး ရုံးသွားဖို့ပြင်ဆင်လိုက်တော့သည်။

အာလုံးပြီးစီးတော့  သူရဲ့သဲငယ်စီအရင်ဦးတည်လိုက်ပြီး  သဲငယ်ကို  အရင်ဝင်ခေါ်တော့  ဝမ်ပါးပင်  ရုံးမသွားသေးပါ

ဝမ်ပါးတို့ကိုအားနာပေမဲ့  သဲငယ်ကိုလဲသူအနားမှာဘဲရှိစေချင်တယ် နေမကောင်းနေတဲ့ချစ်ရသူလေးကိုအနီးကပ်ပြုစုစောင့်ရှောက်ချင်မိတာ  သူမမှားဘူးမိူ့လား။

အပေါ်ထပ်ကသဲငယ်အခန်းကိုဝင်သွားလိုက်တော့  အဝတ်စားတွေကတော့လဲပြီးပေမဲ့  သဲငယ်ကိုကြည့်ရတာသူအားမရပါ။

ကုတင်ပေါ်တွင်နွမ်းလျလျလေးထိုင်နေပုံမှာ မသက်သာလှပါ။

သူလဲသဲငယ်ကိုကားနားထိပွေ့ချီလာပြီးကာပေါ်ထိပင်တင်ပေးလိုက်ကာ ကုန်မဏီသို့သွားလိုက်တော့သည်။

" သဲငယ်  မနက်စာ စားပြီးပြီးလားဟင်"

" အွန်း  ဆန်ပြုတ်သောက်ပြီးပြီ "

တိုးတိုးလေးဖြေလာတဲ့သဲငယ်ကို  သနားသွားရသည်။

သူ့ကြောင့်ဘဲမို့လား  သဲငယ်ရဲ့နဖူးပေါ်ကျနေတဲ့ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်ပြီး။

" ဖျားနေတာလား အသဲ  ကိုယ်တွေပူနေတယ်  ဆေးခန်းဝင်ပြလိုက်မယ်နော်  ကိုယ့်အသဲလေးအရမ်းဖျားနေပြီ "

တကယ်ဆိုရိပေါ်ခေါငိးပင်မထောင်ချင်ပါ  မနေ့ကဦးရဲ့စကားလေးကြောင့်သာလိုက်လာခြင်းဖြစ်သည်။

သူတကယ်ဘဲနေမကောင်းတာမို့ခုချိန်မှာရှက်မနေနိုင်တော့ဘဲ  ဦးရဲ့စကားကိုလက်ခံလိုက်ကာ။

ခေါင်းလေးငြိမ့်ပြလိုက်တော့သည်။

မျက်လုံးလေးပင်မဖွင့်နိုင်ဘဲ  ခေါင်းလေးသာ  အသာအယာငြိမ့်ပြနေတဲ့သဲငယ် ။

အရင်ကရဲစိုနေတဲ့နှုတ်ခမ်းလေးတွေကလဲဖြူလျော့လျော့သာရှိနေသည်။

❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤Wo Geschichten leben. Entdecke jetzt