" သဲငယ် အိပ်ချင်နေပြီလား "
" ဟင့်အင်း မအိပ်သေးပါဘူး ဉီး အိပ်ချင်ရင်အိပ်နှင့်လေ "
7:00 PM..လောက်ကထဲက ဖုန်းတစ်လုံးနဲ့အလုပ်ရှုတ်နေတဲ့သဲငယ်ကအခုသူ့ laptop ပိတ်လိုက်သည်ထိ ဂိမ်းဆော့နေတာမို့ မနေနိုင်စွာမေးလိုက်ခြင်းဖြစ်သည်...။
" သဲငယ် မိုးချုပ်ပြီကွာ အိပ်ကြစို့ "
စိတ်မရှည်တဲ့လေသံနဲနဲပါသွားတာမို့ ဖုန်းကြည့်နေရင် မျက်မှောင်ကျုံ့ကာ ခပ်စောင်းစောင်းလာကြည့်တယ်...။
" အိပ်နှင့်ပါဆိုတော့လဲလက်မခံဘူး ဒီမှာ ဂိမ်းကတန်းလန်းကြီးဖြစ်နေလို့ဆို "
မကျေနပ် စွာ နှုတ်သီးထော်ကာထော်ကာ ပြန်ပြောနေတဲ့သဲငယ်ကြောင့် သူ့နှုတ်ခမ်းပါးမှ ပြုံးယောင်သန်းလာရသည်...။
" ကိုယ်က သဲငယ်ကျန်းမာရေးထိခိုက်မှာစိတ်ပူလို့ပါကွာ "
" ဟွန့် မသိရင်ခက်မယ် "
သူမကြားအောင်တိုးတိုးလေးနှုတ်ခမ်းလှုတ်ရုံလေးသာပြောလိုက်ပေမဲ့ နားပါးလှတဲ့ ရှောင်ကျန့်ကတော့ကြားဖြစ်အောင်ကြားသွားကာ....။
" သဲငယ်က ဘာကိုသိတာလဲ ဟင် "
ပြုံးစိစိနဲ့မေးလာတဲ့ဉီးကြောင့် ရိပေါ်မှာရှက်ရမ်း ရမ်းကာ မျက်စောင်းတွေသာထိုးနေမိသည်...။
" တမင်လုပ်ပြနေတာလား ကိုယ်အသဲအရမ်းယားနေပြီနော် "
" အသဲယားရင် ကုတ်ပေါ့ "
" ဟားးဟားး ချစ်ဖို့ကောင်းလိုက်တာ သဲငယ်ရာ "
တခွန်းမကျန် ပြန်ပြောနေတဲ့ရှေ့ကကလေးငယ်ကို သူအမှန်တကယ်ကို ဖြစ်ညှစ် ပစ်ချင်နေပြီ။
" ပြန်ပြောရင်လဲ ဒေါသ ကထွက်ပြဉီးမယ် ဉီးကလေ အဲ့ဒါ အင့် "
လက်ထဲကဖုန်ကိုပိတ်ကာ ပြောလို့မပြီးနိုက်တဲ့ ကလေးငယ်ကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းက ကလေးငယ်ကိုယ်လုံးလေအား ဖြစ်ညှစ် ပစ်လိုက်မိသည်...။
" အ့ ဘာလို့လိုက်ညှစ်နေတာလဲ ဖက်ရင်လဲ ငြိမ်ငြိမ်လေးဖက်ထားပါလား သူ့အသားမဟုတ်တိုင်း နာတယ်ဗျာ့ "
YOU ARE READING
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Fanfictionတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..