❤️ဦးရဲ့သဲငယ်❤️အပိုင်း(၁၅)❤️
" ဘာ မင်းး မင်း မေရီ "
" ဟုတ်ပါတယ် မောင့်ရဲ့မေရီပါ "
" ဘာကို မောင့်မေရီလဲ နင်နဲ့ငါရဲ့ဇာတ်လမ်းကပြီးသွားတာကြာလှပြီ "
သူ့စကားကြောင့် တစ်ဖက်မှစိတ်မပါလက်မပါနဲ့ရယ်သံပေါ်ထွက်လာပြီး။
" အဟင်း ဟင်း မောင်က မေ့ကိုစိတ်ဆိုးနေတာလား မေတောင်းပန်ပါတယ်နော် "
" ဒီမှာမေရီ နင်ဘဲပြောခဲ့တာလေ အရင်ကလိုဘဲ သူငယ်ချင်းပြန်လုပ်ကြမယ်ဆို အဟက် ခုမှငါ့ကိုလာပြီး မောင်တွေဘာတွေလာလုပ်မနေနဲ့နော် ငါဆိုတဲ့ရှောင်ကျန့်ကသိတ်စိတ်ရှည်တာမဟုတ်ဘူး "
" အဲ့စကားတွေကလေ မေ့စိတ်ထဲကတစ်ကယ်မပါ ပါဘူး "
" သွားစမ်းပါဟာ ခုငါလဲနင့်ကိုမလိုအပ်ဘူး ငါ့ဘဝနဲ့ငါဖြစ်နေပြီ ငါ့ကိုလာမနှောက်ယှက်နဲ့မေရီ ငါကအရင်ကလိုရှောင်ကျန့်မဟုတ်တော့ဘူးနော် "
သူ့စကားကြောင့်တစ်ဖက်မှတိတ်ဆိတ်သွားပြန်သည်။
ရှောင်ကျန့်ကျေနပ်စွာပြုံးလိုက်ပြီးphချမယ်လုပ်မှ သူမဘက်ကထွက်လာသည့်စကားမှာ။
" အဲ့တော့ ငါနဲ့နင်သူငယ်ချင်းတော့လုပ်လို့ရသေးတယ်မို့လား "တဲ့လေ။
ရှောင်ကျန့်သူမပြောစကားကိုစဥ်းစားလိုက်ပြီးမှ။
" အွန်း "
ထိုတစ်ခွန်း ထိုတစ်ခွန်းလေးသာ။
အွန်း ဆိုတဲ့စကားလုံးလေးတစ်ခွန်းသာပြောပြီးphကျချလိုက်တော့သည်။
ထိုphလေးချလိုက်ပြီး သူ့ရဲ့အတွေးများက ဟိုးလွန်ခဲ့တဲ့၉နှစ်လောက်ကအတိတ်စီသို့ . . . . . . . . . . . . . . ။
💔💔💔💔💔💔💔💔💔💔💔💔
" သားငယ် မြန်မြန်ဆင်းခဲ့တော့လေ နောက်ကျနေမယ် ပဲများလို့ကိုမပြီးတော့ဘူး "
ရှောင်ကျန့်အပေါ်ထပ်မှဆင်းလာပြီး မားဖြစ်သူနားနောက်ရောက်တော့ ကလေးတစ်ယောက်လိုနှုတ်သီးလေးစူကာ။
" မားကလဲ သားကချောတယ်လေ အဲ့တော့ ပြင်ရတာပေါ့လို့ "
" ဟွန် မကြားဖူးပေါင် မချောလို့ဘဲပြင်ရတာပါ ချောတဲ့သူတွေကဘာလို့ပြင်ရမှာလဲ ပြောင်းပြန်ဖြစ်နေပြီသားရဲ့ "
YOU ARE READING
❤️ဦးရဲ့သဲငယ်❤️..🖤Zhanyi🖤
Fanfictionတစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 shane//🕊️ ယူသုံးထားသောပုံအား.. Crdအပြည့်အဝပေးပါတယ်ဗျာ့..