Chapter 1 (Unicode)

337 50 0
                                    


အနက်ရောင်တန်ဖိုးကြီးကား ၃စီးသည် လမ်းတစ်လျှောက်ရှိလူများစွာ၏ အာရုံကိုဖမ်းစားထားလေသည်။သိပ်မကြာခင်မှာပဲ ထိုကားများသည် ခြံဝန်းကျယ်တစ်ခုရှေ့၌ ရပ်တန့်သွားကာ အရှေ့နှင့်အနောက် ကားပေါ်မှ အနက်ရောင် suit ဆင်တူဝတ်ဆင်ထားသောလူများထွက်လာကြသည်။ထို့နောက် အလယ်ကားပေါ်မှ လူချမ်းသာများဖြစ်ဟန်တူသောစုံတွဲတစ်တွဲနှင့် ကလေးတစ်ယောက်ဆင်းလာကြသည်။အခြားသူများနှင့်မတူစွာ အဖြူ ရောင် suit ကိုဖဲပြားအနက်ရောင်ဖြင့်တွဲဖက်ဝတ်ဆင် ထားသောကောင်လေးသည် အဝင်ဝရှိဆိုင်းဘုတ်ကို မော့၍ကြည့်လိုက်သည်။

"မျှော်လင့်ခြင်း မိဘမဲ့ဂေဟာ"

💎💎💎💎💎💎💎

ဂေဟာရုံးခန်းထဲတွင် ဂေဟာတည်ထောင်သူ ဖာသာနှင့် Mr.Watanabe တို့ဇနီးမောင်နှံ စကားပြောနေကြစဉ် suit အဖြူရောင်နှင့်ကောင်လေးမှာ ပျင်းရိနေပုံရသည်။

"Ruto သားပျင်းနေရင် အပြင်မှာလျှောက်ကြည့်လို့ရတယ်" Mrs.Watanabe ဆီကခွင့်ပြုချက်ရသည်နှင့် ကောင်လေးသည်ရုံးခန်းအပြင်သို့ထွက်လာလေသည်။

ဂေဟာ၏ အနောက်ဘက် မြက်ခင်းပြင်တွင် ပြေးလွှားကစားနေကြသောကလေးများ၊လျှောစီးနေကြသောကလေးများ၊ ဒန်းစီးနေသောကလေးများ ဖြင့်ပြည့်နှက်နေလေသည်။ယနေ့အလှူ ရှင်ရှိသောကြောင့် ပို၍ပင်ပျော်ရွှင်နေကြသည်။ထိုကလေးများနှင့်မတူစွာ ကစားကွင်းနှင့်ခပ်လှမ်းလှမ်း သစ်ပင်အောက်တွင် တစ်ယောက်တည်းထိုင်ကာစာဖတ်နေသော ကောင်လေးသည် သခင်လေး Watanabe ၏အာရုံကိုဖမ်းစားသွားလေသည်။ကလေးပီပီစပ်စုချင်စိတ်ကြောင့် ထိုကောင်လေးရှိရာဘက်သို့ ခြေလှမ်းများကိုဦးတည်လိုက်သည်။

"ဒီမှာ တစ်ယောက်တည်းဘာထိုင်လုပ်နေတာလဲ"
Jeongwoo တစ်ယောက်စာဖတ်နေရာမှ အသံကြား၍မော့ကြည့်လိုက်မိသည်။

အဖြူရောင် suit ကိုဝတ်ဆင်ထားသော မိမိနှင့်ရွယ်တူလောက်ရှိမည့်ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရ သည်။ထိုကောင်လေးသည် အသက်ငယ်ငယ်နှင့်လူကြီးပုံစံဖမ်းထားသောကြောင့် Jeongwoo စိတ်ထဲရယ်ချင်သွားသည်။သို့သော် လက်တွေ့မှာတော့မရယ်ရဲပေ။

Betelgeuse (Hajeongwoo)Where stories live. Discover now