Chapter 17 (Unicode)

201 40 4
                                    


        Haruto လည်း Jeongwoo အနောက်မှနေ၍ တိုက်ခန်းထဲလိုက်ဝင်သွားတော့သည်။တိုက်ခန်းမှာ  အိပ်ခန်းနှစ်ခန်းပါ၍ အပြင်အဆင်မှာလည်း သပ်သပ်ရပ်ရပ်နှင့် ရှင်းလင်းလွန်းနေသည်။

     "Haruto မင်းရေချိုးလိုက်ပါလား။အဝတ်တွေလည်းလဲရဦးမှာဆိုတော့။ရေချိုးခန်းကငါ့အခန်းထဲမှာ။မင်းဝတ်ဖို့အဝတ်အစားကိုထုတ်ထားခဲ့လိုက်မယ်။"

          Haruto လည်းခေါင်းညိတ်ပြလိုက်ကာ ရေချိုးရန်  Jeongwoo အခန်းထဲသို့ဝင်သွားတော့သည်။ရေချိုးပြီးနောက် Jeongwoo ထုတ်ထားပေးသော အဝတ်အစားများကိုဝတ်ဆင်ကာ အခန်းထဲမှထွက်ခဲ့တော့သည်။

         သို့သော် Jeongwoo ကိုအရိပ်အယောင်ပင် မမြင်ရပေ။ထို့ကြောင့် Haruto လည်း Jeongwoo ကိုလိုက်ရှာရင်း အခြားအိပ်ခန်းတံခါးကိုဖွင့်မည်အပြု

         "မဖွင့်နဲ့~~~~"

       Jeongwoo ၏ရုတ်တရက်အော်သံကြောင့် Haruto လည်း လန့်သွားကာ တံခါးလက်ကိုင်ကို လွှတ်လိုက်ပြီး Jeongwoo ကိုအံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

       ထိုအခါမှ Jeongwooလည်း ရုတ်တရက်ဆန္ဒစောသွားမှန်း သတိရကာ အားနာသောအကြည့်တို့ဖြင့်

       "အာ...လန့်သွားရင် တောင်းပန်ပါတယ် Haruto။အိမ်ရှင်ကအဲအခန်းကို မဖွင့်ဖို့မှာထားလို့ပါ။ရုတ်တရက် မင်းဖွင့်တာကိုမြင်လို့ ငါလည်းလှမ်းအော်လိုက်မိတာ။ တောင်းပန်ပါတယ်။"

      "ရပါတယ်။ ငါကမင်းကိုရှာမတွေ့လို့ ဒီအခန်းထဲမှာထင်နေတာ။ဒါနဲ့မင်းက ဘယ်သွားနေတာလဲ။"

      "ညစာအတွက်လေ။မင်းလည်းစားရဦးမှာမဟုတ်ဘူးမလား။အဲဒါကြောင့် စတိုးဆိုင်ခဏသွားလိုက်တာ။ခဏစောင့်လို့ ရတယ်မလား ငါအဝတ်အစားလဲပြီးရင် ညစာပြင်ပေးမယ်လေ။ဧည့်ခန်းထဲမှာစောင့်နေလို့ ရတယ်။"

       Haruto လည်း Jeongwoo ရဲ့အနည်းငယ်စိုးရိမ်နေသော မျက်နှာကိုကြည့်ကာ သံသယဝင်မိသော်လည်း ခေါင်းညိတ်ပြ၍ ဧည့်ခန်းဆီသို့ထွက်သွားလေသည်။ထိုအခါမှ Jeongwoo လည်းသက်ပြင်းအသာခိုးချကာ အိပ်ခန်းထဲ ဝင်သွားတော့သည်။

        Jeongwoo ရေချိုးခန်းမှန်ရှေ့တွင် မတ်တပ်ရပ်ကာ မှန်ထဲရှိပုံရိပ်ကိုကြည့်နေရင်း အတွေးတို့ထဲယောက်ယက်ခတ်နေလေသည်။

Betelgeuse (Hajeongwoo)Where stories live. Discover now