Chapter 10 (Unicode)

190 37 4
                                    


          ယနေ့မှာ Fresher welcome နေ့ဖြစ်၍ ကျောင်းသူ ကျောင်းသားများအားလုံး ပျော်ရွှင်တက်ကြွနေကြသည်။ပွဲကျင်းပ
မည့် အဆောက်အအုံရှေ့တွင် Yoshi နှင့် Junghwan တို့ ဦးဆောင်သောကျောင်းသားများက မုန့်များဝေပေးနေကြသည်။

         တဖြည်းဖြည်းနှင့် ပွဲခန်းမထဲတွင်လူများ ပြည့်နှက်လာလေသည်။စတိတ်စင်၏ အနောက်ဘက်တွင် Jeongwoo တို့
လည်း ဖျော်ဖြေပွဲများအတွက် ပြင်ဆင်နေကြသည်။မကြာခင်မှာ
ပင် အခမ်းအနားစတင်တော့သည်။

       Hyunsuk နှင့် Jihoon ကတော့ ကျောင်းအုပ်ကြီးတို့နှင့်
အတူ ရှေ့ဆုံးတန်း၌ ထိုင်နေကြသည်။MC အဖြစ်ဆောင်ရွက်
ကြသော Yedam နှင့် Mashiho က အစီအစဉ်များကိုစ
တင်၍ ကြေညာလေသည်။ပွဲချိန် တစ်ဝက်ခန့်ကြာပြီးနောက် Jaehyuk တစ်ယောက် စတိတ်စင်နောက်သို့ အလောတကြီး ဝင်လာသည်။

       " Junkyu hyung ဘယ်လိုလုပ်ကြမလဲ။ ခဏနေရင် သီချင်းဆိုရမယ့်တစ်ယောက်က အစားမှားပြီးဗိုက်အောင့်နေလို့တဲ့။"

      "ဟင်... ဒုက္ခပဲ ။သူကလုံးဝမဆိုနိုင်တော့ဘူးလား။ Hyunsukkie hyung သိရင်သေပြီပဲ ငါတို့နှစ်ယောက်
တော့။"
    
       "ဟုတ်တယ် ဘယ်လိုလုပ်ကြမလဲ။Hyung စဉ်းစားပါဦး။"

       "ငါတို့လူစားထိုးရင်ရော။"

       "ဘယ်သူနဲ့ လူစားထိုးရမှာလဲ။ သီချင်းကောင်းကောင်းဆို
တတ်မှ ရမှာပေါ့။"

        "Jeongwoo ဆိုတတ်တယ် hyung" ရုတ်တရက်
Junghwan မှဝင်ပြောလာသောကြောင့် ကျန်သူများအားလုံး Jeongwoo ဆီ၌အကြည့်များဆုံသွားတော့သည်။

        "တကယ်လား Jeongwoo။ဆိုတတ်ရင် ကူညီပါဦးကွာ။မဟုတ်ရင် ငါနဲ့ Junkyu hyung နဲ့ သေပြီပဲ။" Jaehyuk မှ မျက်နှာငယ်လေးဖြင့်ပြောလာသည်။

        Jeongwoo လည်း သက်ပြင်းအသာချကာ
   "Hyung သီချင်းက ကျွန်တော်ဆိုတတ်ပါတယ်။အရမ်းအကောင်းကြီးတော့မဟုတ်ပေမယ့်ပေါ့။ဒါပေမယ့် piano မတီးတတ်ဘူး။Hyung တို့လူက piano တီးရမှာပါတယ်လေ။"

     "ကိစ္စမရှိဘူး ငါတီးပေးမယ်" အမြဲတိတ်ဆိတ်နေတတ်သော Asahi မှဝင်ပြောလာသည်။ထိုအချိန်တွင် Jaehyuk ၏      လငပုပ်ဖမ်းသလို မျက်နှာထားသည် ချက်ချင်းပင် ရွှင်ပျသွားကာ

Betelgeuse (Hajeongwoo)Where stories live. Discover now