Chapter 6(Unicode)

188 38 0
                                    

             Everland ကလပ်ထဲရှိ  သီးသန့်ခန်းထဲတွင် Jaehyuk, Asahi, Yoshi, Junkyu, Mashihoနှင့်Yedamတို့ရှိနေကြသည်။ထိုစဉ် အခန်းထဲသို့ Haruto ဝင်လာကာ Jaehyuk ဘေးရှိဆိုဖာတွင် ဝင်ထိုင်လိုက်သည်။

            "Ruto မင်းသွားကြည့်ပြီးပြီလား။ဘယ်လိုလဲ။"

     Harutoလည်း မေးခွန်းမေးလာသော Yoshi hyung ကို
လှမ်းကြည့်လိုက်သည်။ထို့နောက် သက်ပြင်းခပ်လေးလေးကိုချကာ

       "အဆင်မပြေသေးပါဘူး hyungရာ ။ဒီတစ်ခုလည်းမဟုတ်သေးဘူး။Jaehyuk hyung ထပ်စုံစမ်းပေးပါဦး။"

      "Ruto ရား မင်းသိထားတာဆိုလို့ Woo ဆိုတဲ့နာမည်ရယ် မျှော်လင့်ခြင်းမိဘမဲ့ဂေဟာဆိုတာရယ်ပဲ ရှိတာလေ။အဲလောက်နဲ့ လူရှာဖို့ဆိုတာမလွယ်လောက်ဘူး။ကောက်ရိုးပုံထဲအပ်ပျောက်ရှာသလိုဖြစ်နေပြီ။"

       "ကျွန်တော်လည်းသိပါတယ်။အဲဒါကြောင့် hyung ကိုအကူအညီတောင်းတာပေါ့။တွေ့လိုတွေ့ငြား ပေါ့ hyung ရာ။"
 
       "အေးပါကွာ ငါကလည်းမကူညီချင်လို့ပြောတာမဟုတ်ဘူး။မလွယ်ဘူးဆိုတဲ့အကြောင်းသိစေချင်တာ။ပြီးတော့ အရမ်းကြီးမမျှော်လင့်ထားဖို့ပြောတာ ။မဟုတ်ရင်မင်းပဲခံစားရမှာစိုးလို့။ဘာပဲဖြစ်ဖြစ် ငါထပ်ရှာပေးပါ့မယ်။"

      Harutoနှင့်Jaehyuk တို့ပြောစကားများကိုနားထောင်ရင်းအခန်းထဲရှိလူများအားလုံး သက်ပြင်းကိုယ်စီချလိုက်ကြသည်။ ဒီအခန်းထဲရှိသူများအားလုံးသည် ငယ်ပေါင်းများမဟုတ်ကြ သော်လည်း ညီအကိုရင်းများကဲ့သို့ရင်းနှီးကြလေသည်။

      "Ruto မင်း Hyunsuk hyung ကိုပြောကြည့်ပါလား။သူဆို မိဘမဲ့ဂေဟာတွေမှာ volunteer လုပ်နေကြလေ။
       KIM JUNKYU ငါ့ကိုသစ်ပင်များထင်နေလား။လွှတ်ဦးဟ။"

        ခြေတံရှည် လက်တံရှည် များဖြင့် Koala တစ်ကောင်လို မှီတွယ်ထားသော Junkyu ကိုတွန်းဖယ်ရင်း Mashiho ကအကြံပေးသည်။

        "Hyunsukie hyung ကfinal ဆိုတော့အလုပ်များနေမယ်ထင်တယ်။သိပ်တောင်မတွေ့ဖြစ်ကြသလိုပဲ။" တစ်ချိန်လုံးတိတ်ဆိတ်နေသော Asahi မှပြောလာသည်။
      
      ထိုစဉ် Yedam မှ "Haruto နက်ဖြန် Hyunsukie hyung ကျောင်းကောင်စီဌာနမှာရှိလိမ့်မယ်။Fresher welcome အတွက် ငါတို့အစည်းအဝေးလုပ်ရမှာ။မင်းလာခဲ့လေ hyung နဲ့တွေ့ရအောင်။"

      "Nae hyung "Haruto လည်း အနည်းငယ်စိတ်အားတက်သွားတော့သည်။

Betelgeuse (Hajeongwoo)Where stories live. Discover now