Chapter 18(Unicode)

168 42 4
                                    


        ပထမနှစ်ဝက်ပြီးဆုံး၍ ကျောင်းပိတ်ထားသည်ပင်
ရက်ပိုင်းလောက်ရှိချေပြီ။ကျောင်းပိတ်ထားသော်လည်း Jeongwoo တစ်ယောက် အချိန်ပိုင်းအလုပ်နှင့် ဖာသာ့ဆီသွားသောအလုပ်နှစ်ခုဖြင့် မအားလပ်နိုင်ပေ။

         အလုပ်ပြီး၍အိမ်ပြန်ရန် ဘတ်စ်ကားစောင့်နေစဉ် Junghwan ဆီမှ message ဝင်လာသည်။

        ~~ဒီတစ်ပတ်သောကြာနေ့ ခရီးသွားကြမယ်တဲ့ Hyunsuk hyung ပြောခိုင်းလို့။အားလုံးလိုက်ကြရမယ်တဲ့ မလိုက်လို့မရဘူး။~~

        Jeongwoo ခေါင်းခါရင်း သက်ပြင်းချလိုက်ကာ
စာပြန်လိုက်သည်။

       ~~ငါလိုက်ဖြစ်မယ်မထင်ဘူး။အဲနေ့ကျရင် အချိန်ပိုင်းအလုပ်ရှိသေးတယ်။ခွင့်ယူလို့မရလောက်ဘူး။Hyunsuk hyung ကို အားနာပါတယ်လို့ပြောပေးပါကွာ။~~

       ထိုအချိန် Yoshi ပိုင်သော ဘား၏ VIP ခန်းထ
ဲတွင်

         "ဘာတဲ့လဲ။သူလိုက်မယ်တဲ့လား။"

         "ဟင့်အင်း  သူအလုပ်ရှိလို့တဲ့။မလိုက်နိုင်တဲ့အ
ကြောင်း hyunsuk hyung ကိုပြောခိုင်းလိုက်
တယ်။"

         Doyoung အမေးက်ို Junghwan ပြန်ဖြေ
လိုက်သည်။အခန်းထောင့်၌ ငြိမ်ပြီးနားထောင်နေသော Haruto မျက်ခုံးတို့ တွန့်ကုတ်သွားကာ

         "သူ ဘယ်မှာလုပ်နေတာလဲ။"

          "Hongdae က Coffee prince မှာ"

          "အိုခေ သူခရီးကို လိုက်ဖို့ငါ့တာဝန်ထားလိုက်။မင်းသူငယ်ချင်း မပါလာမှာမစိုးရိမ်နဲ့တော့။"

          အကြံအစည်အပြည့်နှင့် ပြုံးနေသော Haruto ကို့ကြည့်ကာ Junghwan နှုတ်ခမ်းကိုတွန့်၍မဲ့ပြုံးပြုံး
လိုက်ရင်း စိတ်ထဲ၌

         'အမ်  ငါဘယ်တုန်းကများစိုးရိမ်နေလို့လဲ။ ငါ့ထက်မင်းက Jeongwoo ပါမလာမှာပိုစိုးရိမ်နေတာမဟုတ်ဘူးလား။'

        ကျန်သူများမှာလည်း ရိပ်မိနေသည့်အလား ပြုံးချင်ချင်မျက်နှာထားတို့ဖြင့် တစ်ယောက်နှင့်တစ်ယောက်မျက်စပစ်နေကြသည်။
      
            💎💎💎💎💎💎💎💎💎💎💎

       ကလင်.....ကလင်

      ဆိုင်မှန်တံခါးကိုတွန်းဖွင့်လိုက်သောကြောင့် တံခါး၌
ချိတ်ဆွဲထားသောခေါင်းလောင်းလေး လှုပ်ခတ်သွားကာ အသံမြည်လာသည်။ကောင်တာက ဝန်ထမ်းလေးမှ

Betelgeuse (Hajeongwoo)Where stories live. Discover now