Chapter 14 (Unicode)

204 39 2
                                    



        အမူးသမား၏လက်ကိုဖမ်းကိုင်ထားကာ လက်သီး
ချက်ကိုတားဆီးလိုက်သူမှာ မထင်ထားစွာပင် Haruto
ဖြစ်နေသည်။
        ထို့နောက် Jaehyuk , Asahi နှင့် Yoshi တို့ပါရောက်လာကြသည်။ထိုအခါမှ Haruto လည်း ထိုသူလက်ကိုလွှတ်ပေးလိုက်သည်။

          " မင်းကဘယ်သူလဲ? ဘာဆိုင်လို့ဝင်ရှုပ်တာလဲ?"
 
    ထိုသူက ကြောက်သွားသော်လည်း ဟန်လုပ်ကာ မေးခွန်းပြန်ထုတ်လေသည်။Haruto လည်းထိုသူကို အကြည့်နဲ့တင် သတ်ပစ်နိုင်လောက်အောင် စိုက်ကြည့်ကာ

           "ငါလား။ ငါကသူ့ သူငယ်ချင်း။ပြီးတော့ သူက
မင်းစော်ကားချင်တိုင်း စော်ကားလို့ရတဲ့သူမဟုတ်ဘူး။ဒါနဲ့...ငါကြားလိုက်ပါသေးတယ် ဒီကလပ်ပိုင်ရှင်က မင်းအ
ဖေနဲ့သိတယ်ဆို။
          Yoshi hyung.... Hyung ဘယ်တုန်းက အဘိုးကြီးတွေနဲ့သူငယ်ချင်းဖြစ်သွားတာလဲ?ကျွန်တော်
တောင် မသိရပါလား?"

            "အာ.... ငါကဘယ်လိုလုပ်သိမှာလဲ?ငါ့အသိထဲတော့ အဘိုးကြီးတစ်ယောက်မှမရှိပါဘူး။"

             Yoshi မှာ Haruto ရွဲ့မေးသည်ကိုသိသော်လည်း မသိဟန်ဆောင်ကာ အတည်ပေါက်ပုံစံဖြင့် ပြန်ဖြေလေသည်။Jaehyuk နှင့် Asahi မှာတော့ပြုံးစိစိဖြစ်နေကြသည်။

            "ကဲ...ကြားကြလား။ငါ့အကိုက မင်းအဖေကိုမသိဘူးတဲ့ ။ဘယ်လိုလဲ ဖုန်းဆက်ပြီးအတည်ပြုကြည့်ဦးမလား?"

            Haruto ၏နှုတ်ခမ်းမှာပြုံးနေသော်လည်း အကြည့်မှာတော့ နတ်ဆိုးကဲ့သို့ ကြောက်စရာကောင်းလှသောကြောင့် ထိုအမူးသမားလည်း ရန်ဆက်မရှာရဲတော့ပေ။ထို့ပြင် အခြားသော ၃ယောက်မှာ ဘာမှဝင်မပြောသော်လည်း အရှိန်အဝါအားဖြင့် ရန်စလို့ ရသည့်သူများ မဟုတ်နိုင်ပေ။ထို့ကြောင့်

             "မဆက်တော့ပါဘူး ခင်ဗျ။ တောင်းပန်ပါတယ်။"

             "ငါတို့ကိုတောင်းပန်ရမှာ မဟုတ်ဘူး။မင်းတောင်းပန်ရမှာက ငါ့သူငယ်ချင်းကို"
   
              "တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်ဘက်ကမှားသွားပါတယ်။သွား...သွားလို့ရပြီလားခင်ဗျ"

              ထိုသူလည်း Jeongwooဘက်လှည့်ကာ ခါးကို 90° ကိုင်း၍တောင်းပန်ပြီးနောက် Harutoရဲ့ ခွင့်ပြုချက်ကို တောင်းခံကာ အပေါင်းအသင်းများပါခေါ်၍ ကလပ်ထဲမှထွက်သွားတော့သည်။

Betelgeuse (Hajeongwoo)Where stories live. Discover now