Chapter 26 (Unicode)

174 36 0
                                    


  
         Jeongwoo တစ်နာရီနီးပါးခန့်စောင့်နေပြီးနောက် Seunghun တစ်ယောက်စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်လာသည်ကိုတွေ့လိုက်ရသည်။

          "Hyung ဘာဖြစ်လာတာလဲ။"

          "ဘာဖြစ်ရမလဲ ဟိုတစ်ယောက်ကြောင့်ပဲလေ စိတ်တိုလိုက်တာ။"

            "စိတ်လျှော့ပါ hyung ရာ။ခုနကတော့အဆင်ပြေမလိုနဲ့ ဘယ်လိုဖြစ်ရတာလဲ။"

             "တော်ပြီ သူ့အကြောင်းမပြောချင်တော့ဘူး။ပြန်ကြမယ်။အယ်....ငါ့ဖုန်းရော..."

          "Hyung ခုနကယူသွားတယ်လေ။သေချာရှာကြည့်ပါဦး"

         "အာ...သွားပါပြီ။ခုနက ခေါင်မိုးထပ်မှာကျန်ခဲ့တာဖြစ်မယ်။"

          "ဒါဆိုလည်း သွားယူမယ်လေ hyung။ကျွန်တော်ပါ လိုက်ခဲ့ပေးမယ်။"

               Jeongwoo နှင့် Seunghun လည်း ခေါင်မိုးထပ်သို့အတူတက်လာခဲ့သည်။သို့သော် ခေါင်မိုးအထပ်သို့ရောက်ခါနီးတွင် Seunghun က

               "Justin မင်းပဲသွားယူပေးလို့ရမလား။ခုချိန်ဟိုတစ်ယောက်ရှိနေသေးရင် hyung သူ့ကိုမတွေ့ချင်လို့။hyung ဒီကစောင့်နေမယ်လေ နော်။"

               Jeongwoo လည်း ခေါင်းညိတ်ပြကာသဘောတူလိုက်ရင်း ခေါင်မိုးထပ်သို့တက်လာခဲ့သည်။တံခါးကိုတွန်းဖွင့်လိုက်ကာ မျက်လုံးကိုဝေ့ကြည့်လိုက်သည်။

              လရောင်မှာ ထိန်ထိန်သာနေသော်လည်း ဖုန်းကိုရှာတွေ့ရန်အကူအညီမဖြစ်သောကြောင့် Seunghun ဖုန်းနံပါတ်ကိုခေါ်လိုက်သည်။သိပ်မကြာလိုက်ခင်မှာပင် ခပ်လှမ်းလှမ်းရှိစားပွဲပေါ်မှ ဖုန်းသံထွက်ပေါ်လာသည်။

               Jeongwoo လည်းစားပွဲရှိရာသို့သွားကာ ဖုန်းကိုကောက်ယူလိုက်သည်။ထို့နောက် ဖုန်းအောက်၌တစ်စုံတစ်ခုရှိနေကြောင်း သတိပြုမိသွားသောကြောင့် ယူကြည့်လိုက်ရာ

               "ဟင်....ဘယ်လိုလုပ်...ဒါက...."

              ဟောင်းနွမ်းနေသော ဓာတ်ပုံလေးတစ်ပုံ။ကောင်လေးနှစ်ယောက်၊ မွေးနေ့ကိတ်တစ်လုံး၊ မိုးမခပင်ကြီးအောက်တွင် ရယ်မော ပျော်ရွှင်နေကြသည်။ဓာတ်ပုံ၏နောက်ကျောဘက်မှာတော့ စာကြောင်းလေးတစ်ကြောင်း

Betelgeuse (Hajeongwoo)Where stories live. Discover now