Chapter 19 (Unicode)

167 44 5
                                    


           "Ya... Jeongwoo မြန်မြန်လာ"

         Junghwan တစ်ယောက် express ကား
ကြီးနားကနေ Jeongwoo ကိုလက်ပြကာ အော်ခေါ်နေသည်။အားလုံး လူစုံတက်စုံရောက်နေကြကာ Jeongwoo တစ်ယောက်သာ နောက်ကျနေသည်။

          Jeongwoo လည်း လူစုနေရာသို့ ခပ်မြန်မြန်
ပြေးသွားကာ

        "အာ...ကျွန်တော် နည်းနည်းနောက်ကျသွား
တယ်။တောင်းပန်ပါတယ် hyunsukie hyung ။"

         "ကိစ္စမရှိပါဘူး။မင်းတစ်ယောက်တည်းမှမဟုတ်တာ နောက်တစ်ယောက်ကိုစောင့်ရဦးမယ်။"

         Hyunsuk hyung က Jeongwooအား
မျက်လုံးလေးများ ကွေးညွတ်သွားသည်အထိ ပြုံးပြကာ
ပြောလိုက်စဉ် ဘေးမှJihoon hyung ဆီမှအသံထွက်လာသည်။

         "ဟော...ပြောရင်းဆိုရင်းရောက်လာပြီ။Hyung ဘာလို့နောက်ကျနေတာလဲ။"

          "Sorry Jihoona ဒီမနက်ကိစ္စလေးတစ်ခုပေါ်လာလို့။အခုတော့ အေးဆေးသွားလို့ရပြီ။Jeongwoo လည်းရောက်နေပြီလား။"

           Seunghun hyung က Jihoon hyung နဲ့စကားပြောရင်း Jeongwoo နားရောက်လာကာ နှုတ်ဆက်လိုက်သည်။Jeongwoo လည်းပြုံးကာ ပြန်နှုတ်ဆက်လိုက်လေသည်။

           ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းမှ ကြည့်နေကြသော လူတစ်စုမှာတော့

           "အဲ hyung နဲ့ Jeongwoo နဲ့ကဘာတွေလဲ။အဲလောက်တောင်ရင်းနှီးတယ်လား။Ya..မင်းရောဘာသိထားသေးလဲ Junghwana"

            "မသိဘူး hyung။ကျွန်တော် Jeongwoo နဲ့ခင်တော့ သူကမရှိတော့ဘူး။တစ်ခါမှပြောတာလည်းမ
ကြားဖူးဘူး။"

            Jaehyuk ၏မေးခွန်းကို Junghwan
လည်းခေါင်းခါပြရင်းဖြေလိုက်သည်။Doyoung က Haruto ပုခုံးကိုပုတ်လိုက်ရင်း

            "Ya...Haruto မင်းမျက်လုံးထဲကမီးတွေ
လည်းထွက်လာပါဦးမယ်။"

             "ကြည့်ရတာတော့ ရှာလကာရည်တွေနင်ပြီး
ချဉ်နေပြီထင်တယ်။မချဉ်ချင်ရင် ကိုယ်ကလက်ဦးမှရမှာ
ပေါ့။မလှုပ်ရှားဘဲနဲ့တော့ ဘာမှဖြစ်မလာဘူးနော်။"

             "ဟုတ်တယ် Ruto။ Sahi ပြောတာ မှန်
တယ်။ဒီတစ်ခေါက်ခရီးက မင်းအတွက်အခွင့်အရေးနော်။သူများလက်ဦးသွားမှ နောင်တမရနဲ့။"

Betelgeuse (Hajeongwoo)Where stories live. Discover now