Chapter 7(Zawgyi)

82 4 0
                                    


"Fresher welcome ကနောက်တစ်ပတ်မှဆိုတော့ ဒီကြားထဲမှာပြင်ဆင်စရာရှိတာ အားလုံးအပြီးလုပ်ထားရအောင်။အရင်လူတွေကသိပြီးသားဆိုတော့ အသစ်ကလေးတွေအဆင်ပြေအောင် ဒုဥက္ကဋ္ဌကတာဝန်တွေခွဲပေးလိမ့်မယ်။"

ကျောင်းကောင်စီဥက္ကဋ္ဌဖြစ်သူ Choi Hyunsuk မှပြောလာသည်။သူ၏ ရင်းနှီးဖော်ရွေဟန်မျက်နှာထားနှင့် အပြုံးချိုချိုတို့မှာ မြင်သူတိုင်း ချစ်ခင်လာအောင် လှုံဆော်နိုင်စွမ်းရှိသည်။စကားပြောရာတွင်လည်း နူးညံ့ကာစိတ်ရှည်မှုအပြည့်ရှိပေသည်။

ဒုဥက္ကဋ္ဌ ဖြစ်သူ Park Jihoon ကတော့ မျက်နှာထားတည်ကာ သြဇာအရှိန်အဝါ အပြည့်နှင့်ဖြစ်သည်။သည် ဆန့်ကျင်ဘက်နှစ်ဦးမှာ အရမ်းချစ်ကြသော ချစ်သူများဖြစ်သည်ဟူသော အချက်ကို Jeongwoo အံ့သြနေမိသည်။

"Jaehyuk နဲ့ Junkyu ကအရင်နှစ်ကလိုပဲ budget နဲ့ညှိပြီး ဘာအစီအစဉ်တွေထည့်မလဲဆိုတာစီစဉ်လိုက်။"

"Jeongwoo နဲ့ Yedam က ပွဲအခမ်းအနားအတွက် လိုအပ်တာတွေ စီစဉ်လိုက။်"

"Yoshi နဲ့ Junghwan က အကျွေးအမွေးအတွက် စီစဉ်ထားလိုက်။"

"Nae hyung"

ထို့နောက် Junkyu မှ Yedam ကိုတစ်ချက် လှမ်းကြည့်ကာ အနည်းငယ် တွန့်ဆုတ်နေသောအမူအရာဖြင့်

"ဟို...Park Jeongwoo က First year ဆေးကမလား။Hyung အကူအညီတစ်ခုလောက်တောင်းချင်လို့။အဆင်
ပြေရင် ကူညီလို့ရမလား။"

"ဟုတ် Junkyu hyung။ဘာကူညီပေးရမလဲ။"

"Hyung ရဲ့ညီလေးက နိုင်ငံခြားကနေပြန်ရောက်လာပြီး ဒီကျောင်းမှာတက်ဖြစ်မှာမို့လို့။သူကလည်း First year ဆေးဋ္ဌာနကပဲဆိုတော့ ကျောင်းကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုကူညီပေးလို့ရမလားလို့ပါ။"

"ဘာ.....Kim Junkyu မင်းညီပြန်ရောက်လာပြီလား။ဘယ်တုန်းကလဲ။"

တစ်ချိန်လုံး လူကြီးလူကောင်းဆန်စွာတည်ငြိမ်နေသော Jihoon လည်းဆက်လက်မတည်ငြိမ်နိုင်တော့ဘဲ တအံ့တသြအော်လိုက်တော့သည်။ထို့နောက်Jeongwoo နဲ့ Junghwan
မှလွဲ၍ အားလုံး၏ အကြည့်သည် Yedam ဆီသို့ စုပြုံကျရောက်လာတော့သည်။

"Hyunsukie hyung အစည်းအဝေးပြီးပြီဆိုရင် ကျွန်တော်ပြန်တော့မယ်။လုပ်စရာကိစ္စလေးတွေရှိသေးလို့။Jeongwoo နက်ဖြန်ကျမှ hyung တို့ ပွဲအတွက်အသေးစိတ်
ဆွေးနွေးကြမယ်။"

Yedam လည်းအားလုံး၏ အကြည့်ကိုရှောင်ဖယ်ကာ နှုတ်ဆက်၍ထွက်သွားတော့သည်။ဘာကြောင့်ရယ်မသိ Jeongwoo စိတ်ထဲ Yedam hyung ၏နောက်ကျောပြင် သည် ဝမ်းနည်းအထီးကျန်နေပုံ ပေါ်နေသည်။

💎💎💎💎💎💎💎💎💎💎💎

ဒီနေ့ Junkyu hyung အကူအညီတောင်းထားတဲ့ ကိစ္စ ကြောင့် Jeongwoo ကျောင်းကိုစောစောထွက်လာခဲ့သည်။ ဘတ်စ်ကား ပေါ်မှဆင်းလာရုံရှိသေး ဖုန်းမြည်သံထွက်ပေါ်လာသည်။ဖုန်းကိုထုတ်ကြည့်လိုက်တော့ နံပါတ်စိမ်းတစ်ခုဖြစ်နေသည်။

"ဟယ်လို ဘယ်သူလဲမသိဘူး။"

"Hi ...Park Jeongwoo shi ။ ငါက Kim Doyoung ပါ။"

"ဟမ်......ဘယ်သူ" ရုတ်တရက်ကြီး တရင်းတနှီး အသုံးအနှုန်းများဖြင့် ပြောလာသောကြောင့် Jeongwoo ကြောင်သွားလေသည်။ပြီးမှ Junkyu hyung ပြောထားသည်ကို သတိရမိလိုက်သည်။

"သြော် Junkyu hyung ရဲ့ညီ ဆိုတာလား။အခုဘယ်နေရာမှာလဲ မသိဘူး။ကျွန်တော်လာခဲ့ပါ့မယ်။"

"အာ ...လာစရာမလိုပါဘူး။ငါက မင်းအနောက်မှာ။"
တီ....တီ....
Jeongwoo လည်း ကားဟွန်းသံကြောင့် လှည့်ကြည့်လိုက်ရာ အနီရောင် Lamborghini အမျိုးအစား ပြိုင်ကားလေးတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ထို့နောက် ကားပေါ်မှ လူတစ်ယောက်ဆင်းလာကာ Jeongwooဆီလျှောက်လာသည်။

colourful ဖြစ်လွန်းသောအဝတ်အစား ဒီဇိုင်းကို ဝတ်ဆင်ထားသော်လည်း နုနယ်ချောမောသော မျက်နှာကြောင့် အလွန်ပင်လိုက်ဖက်နေလေသည်။ထို့ပြင် မျက်နှာပေါ်တွင်ဆင်မြန်းထားသော မခို့တရို့ အပြုံး၊ ကျော့ရှင်းလှသောလမ်းလျှောက်ဟန် တို့ကြောင့် ပတ်ဝန်းကျင်ရှိ ယောက်ျားလေး မိန်းကလေးများ ၏ အော်သံများထွက်ပေါ်လာတော့သည်။

💎💎💎💎💎💎💎💎💎💎
Jeongwoo လည်း Doyoung ကိုခေါ်ကာ ကျောင်းအနှံ့ မိတ်ဆက်ပေးပြီးနောက် ..

"Jeongwoo ya ငါ့ကိုဒီနေ့ကူညီပေးတဲ့အတွက် ကျေးဇူးပါ။မင်းနဲ့ငါ စာသင်ခန်းလည်းတူတူပဲဆိုတော့ ရှေ့လျှောက်သူငယ်ချင်းလုပ်ရအောင်။"

Junkyu hyung ပြောထားသလိုပင် တကယ့်ကို social butterfly ပီသပေသည်။ယခုမှ တွေ့သောသူကို ရင်းနှီးသောအသုံးအနှုန်းနှင့် ပြောဆိုဖို့ဆိုသည်မှာမလွယ်ကူပေ။

သို့သော် အနည်းငယ် ရဲတင်းသည်ထင်ရသော်လည်း စကားပြောကြည့်ရသလောက် စိတ်ရင်းကောင်းသူဖြစ်ကြောင်းသိသာ သောကြောင့် Jeongwooလည်း သူငယ်ချင်းလုပ်ရန်သဘောတူလိုက်သည်။

"အင်း.... ကောင်းပြီလေ"

Betelgeuse (Hajeongwoo)Where stories live. Discover now