Chapter 11 (Unicode)

186 39 4
                                    



            Watanabe စံအိမ်တော်တွင် Haruto
သည်ရေချိုးပြီးနောက် တီရှပ်အနက်ရောင် နှင့်သက်တောင့်သက်သာရှိသော sweat pants ကိုလဲလှယ်ဝတ်ဆင်လိုက်သည်။ထို့နောက် အိပ်ယာပေါ်တွင် ထိုင်နေရင်း Woo နှင့်တွဲရိုက်ထားသော ဓာတ်ပုံလေးကိုထုတ်ကြည့်နေမိသည်။

            "မင်းဘယ်တွေရောက်နေတာလဲ Woo ရယ်။ သတိရတယ်။ငါမှာမင်းကိုသတိရတိုင်း ဒီဓာတ်ပုံလေးရယ် မင်းသဘောကျတဲ့ Betelgeuse ကြယ်လေးရယ်ကိုပဲကြည့်ပြီး အလွမ်းဖြေနေရတယ။်"

           "မင်းရော တစ်နေရာရာမှာ ငါ့လိုပဲ Rigel ကို
ိုကြည့်ပြီးငါ့ကိုသတိရနေမလား?"

            အတန်ကြာကြည့်နေပြီးနောက် ထိုဓာတ်ပုံလေးကိုသိမ်းဆည်းကာ အိပ်ယာထက်၌လှဲလိုက်ပြီး အိပ်ပျော်ရန်ကြိုးပမ်းတော့သည်။သို့ရာတွင် အိပ်မပျော်နိုင်ဖြစ်နေ၍ ဖုန်းကိုထုတ်ကာ twitter ပေါ်တွင်လျှောက်ကြည့် နေလိုက်သည်။

            လျှောက်ကြည့်နေရင်းမှာပင် Fresher welcome နေ့က Jeongwoo သီချင်းဆိုနေသော ဗီဒီယိုကိုတစ်စုံတစ်ယောက်မှရိုက်ကာတင်ထားသည်ကိုတွေ့လိုက်ရသည်။ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ လက်ကအလိုလို ဗီဒီယိုကိုနှိပ် မိလိုက်သည်။
           
           Haruto လည်း Jeongwoo ရဲ့အသံချိုချိုမှာ ထပ်မံနစ်မြောသွားပြန်သည်။ထို့နောက်မှာတော့ Jeongwoo အသံကိုနားထောင်ကာ အိပ်ပျော်သွားတော့သည်။

        ထိုနေ့ညတွင်တော့ ထူးထူးခြားခြားပင် ညစဉ်ခြောက်လှန့်နေသော အိမ်မက်ဆိုးမှာ လုံးဝပေါ်မလာခဲ့ပေ။

          💎💎💎💎💎💎💎💎💎💎💎

         "Junghwanna......."

        Junghwan လည်း  မိမ်ိအားခေါ်လိုက်သူကိုလှည့်ကြည့်လိုက်ရာ Yoshi hyung တစ်ယောက် အဝေးမှလက်လှမ်းပြကာ အပြေးတစ်ပိုင်းလာနေသည်ကို
တွေ့လိုက်ရသည်။ခဏအတွင်းမှာပင် အနားသို့ရောက်လာသည်။

         "အာ.... Yoshi hyung"

         "Junghwanna မင်းတစ်ယောက်ထဲလား။မင်းသူငယ်ချင်းတွေရောမပါဘူးလား။"

         "ဟင့်အင်း ဒီနေ့တော့မပါလာဘူး။ Jeongwoo နဲ့ Doyoung က assignment အတွက်စာကြည့်တိုက်သွားတယ်။အဲဒါကြောင့် ကျွန်တော်တစ်ယောက်ထဲပဲ။"

Betelgeuse (Hajeongwoo)Where stories live. Discover now