Chapter 2 (Unicode)

225 45 0
                                    

           ဆိုးလ်မြို့ Augustလ၏ နေအပူရှိန်မှာပူပြင်းလွန်းလှ  ပေသည်။
            မျှော်လင့်ခြင်းဂေဟာခြံဝန်းထဲရှိ သစ်ပင်ကြီး၏ အရိပ်အောက်တွင် ကောင်လေးနှစ်ယောက်မှာ ပူပြင်းလှသောအပူချိန်သည် သူတို့နှင့်မသက်ဆိုင်သလိုပင် အေးအေးလူလူပင်ထိုင်နေကြသည်။တိတိကျကျပြောရလျှင် အေးဆေးတည်ငြိမ်ပုံရသော ကောင်လေးတစ်ယောက်မှာ သစ်ပင်ကိုမှီ၍စာဖတ်နေချိန်တွင် မြင့်မြတ်သောအရှိန်အဝါများထုတ်လွှတ်နေသော အခြားကောင်လေးမှာ စာဖတ်နေသောကောင်လေး၏ ပေါင်ကိုခေါင်းအုံးကာ cubic puzzle တစ်ခုကိုဖြေရှင်းနေလေသည်။

      "Luto ရား"

       စာဖတ်နေသောကောင်လေးသည် စာအုပ်ကိုပိတ်ကာ အခြားကောင်လေးကိုခေါ်လိုက်သည်။
      "အင်း"

cubic puzzle ကိုကစားမပျက်ပြန်ဖြေလိုက်သော Haruto ကိုကြည့်ကာ Jeongwoo စိတ်မရှည်စွာဖြင့်ထပ်ခေါ်လိုက်သည်။
          "LUTO"

      ထိုအခါမှ Haruto တစ်ယောက်ကစားခြင်းကိုရပ်လိုက်ကာ Jeongwoo နှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။

      "Luto ငါမင်းကိုမေးစရာရှိလို့"

      "မေးလေ"
     
      "မင်းဘာလို့ ငါ့အပေါ်အရမ်းကောင်းရတာလဲ။ ငါပြောချင်က မင်းငါ့ဆီခဏခဏလာလည်တယ်။ ပြီးရင် ငါကြိုက်တတ်တဲ့မုန့်တွေ၊စာအုပ်တွေ ဝယ်လာပေးတယ်လေ ။ပြီးရင်ငါနဲ့ အတူတူအချိန်ဖြုန်းပေးတယ်။ တခြားကလေးတွေအပေါ် ဆက်ဆံပုံနဲ့မတူဘူး။ဘာလို့လဲ။"

        "မင်းကလည်း ဘာများထူးဆန်းတာမေးမလို့လဲ ထင်နေတာ။မင်းနဲ့သူငယ်ချင်းဖြစ်ချင်လို့လေ။ ခင်ချင်လို့ပေါ့။"

        "အဲဒါဆို ငါ့ကို မင်းမိဘတွေမွေးစားမယ်ဆိုတုန်းက ဘာလို့လက်မခံတာလဲ။အဲလိုသာဆိုငါတို့ အမြဲအတူတူရှိလို့ရတာပဲလေ။"
        "ဒါကတော့ ငါကတစ်ဦးတည်းသောသားအဖြစ်နေသားကျနေပြီလေ။ အိမ်မှာငါ့ထက်အငယ်တစ်ယောက်ထပ်မလိုချင်တော့ဘူး။ပြီးတော့အခုလည်း မင်းဆီခဏခဏလာလည်လို့ရတယ်လေ။နောက်ပြီး မင်းလည်းမွေးစားဖို့ကိုလက်မခံဘူးလေ။ မဟုတ်ဘူးလား။"
         "အဲဒါကမင်းနဲ့အတူတူမရှိချင်လို့မှမဟုတ်တာ။ ငါဒီဂေဟာကနေထွက်မသွားချင်ဘူး။ ပြီးတော့ ဂေဟာနဲ့ ဖာသာကိုလည်းစောင့်ရှောက်ရဦးမှာ။အဲဒါကြောင့် ငါလက်မခံတာပါ။"

Betelgeuse (Hajeongwoo)Where stories live. Discover now