Chapter 7 (Unicode)

206 39 0
                                    


         "Fresher welcome ကနောက်တစ်ပတ်မှဆိုတော့ ဒီကြားထဲမှာပြင်ဆင်စရာရှိတာ အားလုံးအပြီးလုပ်ထားရအောင်။အရင်လူတွေကသိပြီးသားဆိုတော့ အသစ်ကလေးတွေအဆင်ပြေအောင် ဒုဥက္ကဋ္ဌကတာဝန်တွေခွဲပေးလိမ့်မယ်။"
       
         ကျောင်းကောင်စီဥက္ကဋ္ဌဖြစ်သူ Choi Hyunsuk မှပြောလာသည်။သူ၏ ရင်းနှီးဖော်ရွေဟန်မျက်နှာထားနှင့် အပြုံးချိုချိုတို့မှာ မြင်သူတိုင်း ချစ်ခင်လာအောင် လှုံဆော်နိုင်စွမ်းရှိသည်။စကားပြောရာတွင်လည်း နူးညံ့ကာစိတ်ရှည်မှုအပြည့်ရှိပေသည်။

           ဒုဥက္ကဋ္ဌ    ဖြစ်သူ Park Jihoon ကတော့ မျက်နှာထားတည်ကာ သြဇာအရှိန်အဝါ အပြည့်နှင့်ဖြစ်သည်။သည် ဆန့်ကျင်ဘက်နှစ်ဦးမှာ အရမ်းချစ်ကြသော ချစ်သူများဖြစ်သည်ဟူသော အချက်ကို Jeongwoo အံ့သြနေမိသည်။

         "Jaehyuk နဲ့ Junkyu ကအရင်နှစ်ကလိုပဲ budget နဲ့ညှိပြီး ဘာအစီအစဉ်တွေထည့်မလဲဆိုတာစီစဉ်လိုက်။"

         "Jeongwoo နဲ့ Yedam က ပွဲအခမ်းအနားအတွက် လိုအပ်တာတွေ စီစဉ်လိုက။်"

          "Yoshi နဲ့ Junghwan က အကျွေးအမွေးအတွက် စီစဉ်ထားလိုက်။"

            "Nae hyung"
     
          ထို့နောက် Junkyu မှ Yedam ကိုတစ်ချက် လှမ်းကြည့်ကာ အနည်းငယ် တွန့်ဆုတ်နေသောအမူအရာဖြင့်

          "ဟို...Park Jeongwoo က First year ဆေးကမလား။Hyung အကူအညီတစ်ခုလောက်တောင်းချင်လို့။အဆင်
ပြေရင် ကူညီလို့ရမလား။"

          "ဟုတ် Junkyu hyung။ဘာကူညီပေးရမလဲ။"

          "Hyung ရဲ့ညီလေးက နိုင်ငံခြားကနေပြန်ရောက်လာပြီး ဒီကျောင်းမှာတက်ဖြစ်မှာမို့လို့။သူကလည်း First year ဆေးဋ္ဌာနကပဲဆိုတော့ ကျောင်းကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုကူညီပေးလို့ရမလားလို့ပါ။"

          "ဘာ.....Kim Junkyu မင်းညီပြန်ရောက်လာပြီလား။ဘယ်တုန်းကလဲ။"
   
       တစ်ချိန်လုံး လူကြီးလူကောင်းဆန်စွာတည်ငြိမ်နေသော Jihoon လည်းဆက်လက်မတည်ငြိမ်နိုင်တော့ဘဲ တအံ့တသြအော်လိုက်တော့သည်။ထို့နောက်Jeongwoo နဲ့ Junghwan
မှလွဲ၍ အားလုံး၏ အကြည့်သည် Yedam ဆီသို့ စုပြုံကျရောက်လာတော့သည်။

Betelgeuse (Hajeongwoo)Where stories live. Discover now