Chapter 23 (Unicode)

186 44 1
                                    


         ထို့နောက်တစ်ဖန် နှစ်ယောက်သား အတန်ကြာ
တိတ်ဆိတ်သွားပြီးနောက်

         "Haruto"

         "အင်းးးး"

        Jeongwoo ၏ခေါ်သံကို Haruto သံရှည်ဆွဲကာ ထူးလိုက်ရင်း လှည့်ကြည့်လိုက်သည်။

        "ဟို....အဲ...ငယ်သူငယ်ချင်းဆိုတာက
လေ...ဟိုဟာ.."

        စကားကို တုံ့ဆိုင်းဆိုင်းလုပ်နေသော Jeongwoo ကို Haruto အနည်းငယ် မျက်ခုံးပင့်ကာကြည့်လိုက်ရင်း

        "ပြောစရာရှိတာပြောပါ ဘာလို့ ဟိုတွေအဲလောက်
တောင်များနေရတာလဲ။"

         "မ...မဟုတ်ပါဘူး။မေးဖို့ မင်းအဆင်မပြေဖြစ်မှာစိုးလို့ပါ။"

         "ရပါတယ်။ ဘာမေးချင်တာလဲ ပြော။"

         "အဲ...အဲတစ်ယောက်က မင်းရဲ့...ငယ်ချစ်ဦးလား။"

         Jeongwoo လည်းအနည်းငယ်သော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရင်း အရဲ့စွန့်ကာမေးလိုက်သည်။Haruto ကတော့ မထင်မှတ်ထားသောမေးခွန်းကြောင့် အသံထွက်ရယ်လိုက်ရင်း

          "ဟားဟား.... ဘာများလဲလို့။မဟုတ်ပါဘူး သူက ကို့ရဲ့အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပါပဲ။ကိုတို့တွေ့တုန်းက အတော်လေးကိုငယ်ကြသေးတယ်။"

          Haruto ၏ရယ်သံမှာ Jeongwooရဲ့ တစ်
ခဏတာမျှော်လင့်ချက်တွေကို လှောင်ရယ်နေသလိုပင် ခံစားလိုက်ရသည်။သို့သော် ပျက်ယွင်းသွားသောစိတ်ကူးများကို အနည်းငယ်ဖမ်းဆုတ်ကာ ထပ်မံ၍

         "ဟို...သူ့ဘက်က ခံစားချက်တွေရှိနေမယ်ဆိုရင်
ရော။"

         "မဖြစ်နိုင်လောက်ဘူးထင်တယ်။တကယ်လို့ သူ့
ဘက်ကခံစားချက်တွေရှိနေရင်တောင် ကိုလက်ခံမှာမ
ဟုတ်ဘူး။ဘာလို့လဲဆိုတော့ကို့မှာသဘောကျရတဲ့သူရှိနေ
ပြီ။"

          Haruto နောက်ဆုံးစကားကို ပြောချိန်တွင်
အကြည့်များက ရည်ရွယ်ချက်ရှိရှိ Jeongwoo ကိုစိုက်
ကြည့်ကာ ပြောလိုက်သည်။သို့သော် နောက်ဆုံးလက်ကျန် မျှော်လင့်ချက်ကလေးကို လက်လွတ်ဆုံးရှုံးလိုက်ရသော Jeongwoo မှာတော့ သတိမပြုလိုက်မိတော့ချေ။

Betelgeuse (Hajeongwoo)Where stories live. Discover now