Chapter 9 (Unicode)

197 36 2
                                    

     မနက်ဖြန်တွင်ကျင်းပမည့် fresher welcome ပွဲအတွက်
ကျောင်းသားများအားလုံး အလုပ်များနေကြသည်။ကျောင်းကောင်စီဥက္ကဋ္ဌ Choi Hyunsuk မှဦးဆောင်ကာ ပွဲအခမ်းအနားအတွက် ပြင်ဆင်နေကြသည်။ကျန်သူများမှာလည်း မိမိတို့၏ကျရာ တာဝန်ကို ဆောင်ရွက်နေကြသည်။

    "   JEONGWOO ....  ခဏလာဦး ။"

   "  Nae hyung  " Jeongwoo လည်း jihoon ခေါ်လိုက်သံကြောင့် လုပ်လက်စအလုပ်ကိုထားခဲ့ကာ အပြေးရောက်လာသည်။

   "Hyungတို့ ဋ္ဌာနဘေးကစတိုခန်းထဲမှာ အလှဆင်ပစ္စည်းတွေထည့်ထားတဲ့ပုံးရှိတယ်။အဲဒါသွားယူလာခဲ့ပေးပါဦး။အခန်းသော့က Yedam ဆီကတောင်းသွား။"

     "Nae" Jeongwoo လည်း Yedam ဆီမှသော့ကိုတောင်းယူကာ စတိုခန်းဆီသို့ထွက်လာခဲ့သည်။Jeongwoo ထွက်သွားပြီး မကြာခင်မှာပင် Haruto,Doyoung နဲ့ Asahi တို့   ရောက်လာကြသည်။

      "Hyung ကျွန်တော်တို့ ဘာကူညီရမလဲ ။"သွက်သွက်     လက်လက်ရှိသော Doyoung က Hyunsuk ကိုမေးလိုက် သည်။

        "အာ...မင်းတို့ရောက်လာတာနဲ့အတော်ပဲ။ခုနက Jeongwoo ကိုစတိုခန်းထဲကပစ္စည်းသွားယူခိုင်းလိုက်တာ သယ်ရမှာနည်းနည်းများမယ်ထင်တယ်။Doyoung နဲ့ Ruto လိုက်သွားပြီး ကူလိုက်ပါဦး။Sahi ကဒီမှာနေပြီး အလှဆင်တဲ့နေရာမှာကူပေး။"

        Doyoungနှင့် Harutoလည်း ခေါင်းညိတ်ကာ လက်ခံလိုက်ပြီး စတိုခန်းရှိရာသို့ထွက်လာတော့သည်။ ထိုအချိန် စတိုခန်းထဲတွင် Jeongwoo တစ်ယောက်   စင်ပေါ်မှ ပစ္စည်းထည့်ထားသောပုံးကို ယူရန်ကြိုးပမ်းနေသည်။စင်၏အမြင့်မှာ ၇ပေခွဲ ၈ပေနီးပါး ခန့်အမြင့်ရှိသောကြောင့် အရပ်ရှည်သော Jeongwoo ပင်မမီမကမ်းဖြစ်နေသည်။

         ထို့ကြောင့် အနီးရှိခုံတစ်လုံးကိုယူကာ ခုံပေါ်မှလှမ်းယူရန်   ကြိုးပမ်းတော့သည်။အသုံးမပြုဘဲ စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်  သောကြောင့် နဂိုကတည်းကမှယိုင်နေသောခုံသည် Jeongwoo တက်ခါမှပို၍ လှုပ်လာသည်။သို့သော် သတိမထားမိဘဲ ပစ္စည်းကိုယူရန် အာရုံရောက်နေစဉ် ခုံကျိုးကာ ခြေလွတ်လက်လွတ်ဖြင့် ပြုတ်ကျတော့သည်။

        Jeongwooလည်း လန့်သွားကာ ခေါင်းကိုလက်ဖြင့်ကာထားပြီး တစ်ကိုယ်လုံးကို ဘောလုံးလိုကွေး၍ မျက်စိကိုစုံမှိတ်
အော်လိုက်မိတော့သည်။

Betelgeuse (Hajeongwoo)Where stories live. Discover now