Chapter 13 (Unicode)

194 40 6
                                    



        မြို့လယ်ရှိ နာမည်ကြီးကလပ်တစ်ခုရှေ့သို့ ပြိုင်ကားအနက်ရောင်တစ်စီး ထိုးရပ်လိုက်ကာ ကားပေါ်မှ Haruto နှင့် Doyoung တို့နှစ်ယောက် ဆင်းလာ
သည်။ထို့နောက် ကလပ်ထဲသို့ဝင်ရန် ဟန်ပြင်နေစဉ် ထိုကလပ်ထဲသို့ Jeongwoo ဝင်ရောက်သွားသည်ကို
တွေ့လိုက်သည်။

        Haruto စိတ်ထဲ Jeongwoo ကိုအထင်သေးသွားကာ

       "ဟွန့် ...ထင်သားပဲ။ဒီလိုလူမျိုးတွေကမယုံရပါဘူးလို့။
         Ya....Kim Doyoung မင်းမြင်လိုက်တယ်မလား။ခုနကဘယ်သူလဲဆိုတာကို။"

        Doyoung လည်းတစ်ယူသန်သော သူငယ်ချင်းကို မနိုင်ဟန်ဖြင့် ခေါင်းခါကာ

       "မဟုတ်သေးပါဘူးကွာ....ကလပ်ကလူတိုင်းလာနေ
ကြတာပဲကို။ငါတို့ရော ကလပ်လာတာမဟုတ်လို့လား။"

        "မတူဘူး။ဒီကလပ်ရဲ့အဆင့်က သာမန်လူလာတာမှမဟုတ်တာ။သူ့လို ပညာသင်ဆုရကျောင်းသား အတွက်လာပျော်ဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်သေး။"

         Doyoung လည်း Jeongwooနဲ့ပတ်သက်လာလျှင် ဘယ်သောအခါ အကောင်းမမြင်သော Haruto ကိုအံ့သြနေမိသည်။သူတို့သူငယ်ချင်း ညီအကိုများအကြောင်းမှလွဲ၍ သူများအကြောင်းစိတ်မဝင်စားတတ်သူက ဘာကြောင့် Jeongwoo ကိုမှမျက်စိဒေါက်
်ထောက် လိုက်ကြည့်နေမှန်းမသိပေ။

         "လာပါကွာ။Jaehyuk hyung တို့စောင့်နေတော့မယ်။"

         ကလပ်ထဲသို့ရောက်သောအခါ မသိစိတ်၏စေခိုင်းမှုကြောင့် Haruto ၏မျက်လုံးများမှာ တစ်စုံတစ်ယောက်အားရှာဖွေနေသည်။သို့သော် ရှာနေသူကိုတော့မတွေ့ ရပေ။

          ထိုအချိန်တွင် အပေါ်ထပ် VIP ဝိုင်းမှနေ၍ Jaehyuk hyung ၏ခေါ်သံကိုကြားလိုက်ရသည်။Jaehyuk အပြင် Asahi, Yoshi နှင့် Yedamပါ
ရောက်ရှိနေသည်။

           "Haruto, Doyoung ငါတို့ဒီမှာ"

         လက်ပြနေသော Jaehyuk တို့ဝိုင်းကိုသွားကာ Yoshi hyung ဘေးရှိခုံ၌ဝင်ထိုင်လိုက်သည်။ထို့ကြောင့် Doyoung မှာ မတတ်သာစွာဖြင့် Yedam ဘေးရှိလွတ်နေသော ခုံ၌ဝင်ထိုင်လိုက်ရင်း Haruto ကိုစိတ်ထဲကျိန်ဆဲနေမိသည်။

        " Haruto မင်းကိစ္စဘာထူးသေးလဲ?"

         Jaehyuk ၏အမေးကို Harutoအသာခေါင်းခါပြရင်း

Betelgeuse (Hajeongwoo)Where stories live. Discover now