Chapter 5(Unicode)

195 40 1
                                    

်       
       Jeongwoo နဲ့ Junghwan နှစ်ယောက်သား  cafeteria တွင် နေ့လည်စာစားနေစဉ် ဝင်ပေါက်ဆီမှ ဆူဆူညံညံအသံများကိုကြားလိုက်ရသည်။

" အားးးးး ချောလိုက်ကြတာ။အဲဒါဘယ်သူတွေလဲမသိဘူး။"

"အရပ်တွေကလည်း လုံးဝ model ပဲ"

"သူတို့ကိုသာ နေ့တိုင်းမြင်နေရရင် ငါနေ့တိုင်းကျောင်းတက်မှန်မှာသိလား"

"Wow ဟေ့ကောင် လုံးဝကို heartthrob အုပ်စုပဲ။သူတို့တစ်ဝက်လောက်ကြည့်ကောင်းရင်ပဲတော်ပါပြီကွာ။"

        မိန်းကလေးများ၏ တီးတိုးရေရွတ်သံများအပြင် ယောက်ျားလေးများ၏ အားကျသံများသည် cafeteria တစ်ခုလုံးကိုဆူညံသွားစေသည်။အမှန်တကယ်ပင် ဤအုပ်စုမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ သဘောကျလောက်သောရုပ်ရည်ပိုင်ရှင်များပင်ဖြစ်သည်။

        Jeongwoo လည်းခဏမျှလှည့်ကြည့််ပြီးနောက် ထမင်းကိုသာဆက်စားနေလိုက်သည်။

      "Woo မင်းသိလား။နောက်ဆုံးကတစ်ယောက်က first year အင်ဂျင်နီယာမေဂျာက။ငါတို့အခန်းထဲကပဲ။ဒီနှစ်အတွက် ငါတို့မေဂျာရဲ့ Treasure အဖြစ် တစ်ပြေးနေတဲ့တစ်ယောက်လေ။"
      
      "ဘာလဲ Treasureဆိုတာ"

      "Treasure ဆိုတာ မေဂျာking ကိုပြောတာ။ငါတို့က Treasure university ဆိုတော့ Treasure လို့ပေးလိုက်တာ။ခုနက အုပ်စုထဲကလူတွေအကုန် Treasure တွေချည်းပဲ။"

"ရှေ့ဆုံးက မျက်နှာချိုတဲ့တစ်ယောက်ကYoon Jaehyukတဲ့။ အင်ဂျင်နီယာ 3rd year က Treasure။နောက်ခပ်တည်တည်နဲ့ တစ်ယောက်က Asahi။သူက မင်းတို့ ဆေးဋ္ဌာနကပဲ 3rd year Treasure။"

       "နောက်ဆုံးတစ်ယောက်က Haruto။သူကလည်း Treasure အဖြစ်တရားဝင် မကြေညာရသေးပေမယ့် ကျိန်းသေသလောက်ဖြစ်နေပါပြီ။"

      "Haruto ဟုတ်လား"

      အတော်လေးကို ရင်းနှီးနေသော နာမည်ကြောင့် Jeongwoo လည်း Luto ကိုပင် သတိရမိသွားသည်။သို့သော် မဖြစ်နိုင်သောအတွေး တို့ကြောင့် ခေါင်းကိုအသာရမ်းကာ သက်ပြင်းချလိုက်မိသည်။

    'မဖြစ်နိုင်ပါဘူးလေ ။ Luto သာဆိုရင် ငါ့ဆီလာရှာမှာပေါ့။'

         💎💎💎💎💎💎💎💎💎💎💎

  ဒေါက်....ဒေါက်
                   "ဝင်ခဲ့ပါ"

    Jeongwoo လည်း တံခါးကို ဖွင့်၍ ရုံးခန်းထဲဝင်သွားသည်။
ရုံးခန်းထဲတွင် ကျောင်းအုပ်ကြီးအပြင် နောက်ထပ်လူတစ်ယောက်ပါရှိနေသည်။

   "Park Jeongwoo လာ ဒီမှာထိုင်"

  Jeongwoo လည်း ကျောင်းအုပ်ကြီးညွှန်ပြသော ထိုင်ခုံတွင်ဝင်ထိုင်ရင်း မျက်နှာချင်းဆိုင်ခုံမှလူကို အကဲခတ်ကြည့်လိုက်သည်။
ရှပ်အင်္ကျီ အနက်ရောင်ကို တံတောင်ဆစ်အထိလက်ခေါက်တင်ထားကာ style pant အနက်နှင့် တွဲဖက်ဝတ်ဆင်ထားရာ လူကြီးလူကောင်းဆန်သောအငွေ့အသက်များထွက်ပေါ်နေသည်။

  "သူက Bang Yedam။ကျောင်းကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူး။သူက 2nd year အင်ဂျင်နီယာဋ္ဌာနက။မင်းနဲ့အလုပ်အတူတူတွဲလုပ်ရမှာ။ "
 
   " Yedam သူကတော့ Park Jeongwoo တဲ့ 1st year ဆေးဋ္ဌာနက။ ဒီနှစ်ရဲ့ ပညာသင်ဆုရကျောင်းသားပဲ။မင်းသူ့ကို ကူညီပေးလိုက်ပါဦး။"
    
      "ဟုတ်ကဲ့ပါ Mr.Yang"
      "အာညော် Bang Yedam ပါ။တွေ့ရတာဝမ်းသာပါတယ်။မင်းမသိတာရှိရင် အချိန်မရွေးမေးလို့ရပါတယ်။"

     "ဟုတ်ကဲ့ Park Jeongwoo လို့ခေါ်ပါတယ်။ကျေးဇူးပြုပြီး သင်ကြားပေးပါဦး။"

     ကြည့်ကောင်းရုံသာမက သဘောလည်းကောင်းသောစီနီယာက အပြုံးဖြင့် နှုတ်ဆက်လာသောကြောင့် Jeongwoo လည်း အပြုံးဖြင့်ပြန်နှုတ်ဆက်လိုက်သည်။

    "Oh မင်းပြုံးရင်တော်တော်ကြည့်ကောင်းတာပဲ "

       💎💎💎💎💎💎💎💎💎💎💎💎

    "Haru ညနေကျရင် club သွားမို့ ။မင်းလိုက်မှာလား ။"
  
    "ဟင့်အင်း ကျွန်တော်သွားစရာရှိတယ် ။"

   Yoshi hyung ၏ အမေးကိုပြန်ဖြေကာ Haruto တစ်ယောက် အခန်းထဲမှထွက်သွားသည်။ ကားပါကင်တွင် ရပ်ထားသော ကားပေါ်တွင်ထိုင်နေရင်း ဆေးသားတစ်ချို့ ပြယ်လွင့်နေ
သော ဓာတ်ပုံ ထုတ်ကြည့်နေမိသည်။

      ဓာတ်ပုံထဲတွင် ညိုညို လုံးလုံး Choco ball လေးနှင့်တူသော ကလေးတစ်ယောက် ချစ်စရာကောင်းစွာ ပြုံးနေလေသည်။

    "Woo မင်းကိုငါမတွေ့တွေ့အောင်ရှာမယ်။ငါကိုစောင့်နေပါ။"

ထို့နောက် Lamborghini ကားအနက်ရောင်လေးသည် လမ်းမထက်၌ တရိပ်ရိပ် ပြေးလွှားသွားတော့သည်။







Betelgeuse (Hajeongwoo)Where stories live. Discover now