Chapter 22 (Unicode)

161 41 2
                                    


           Jeongwoo ရေချိုးပြီး၍ hotel အခန်းထဲ၌အနားယူနေစဉ် တံခါးခေါက်သံကြားလိုက်သောကြောင့် တံခါးဆီသို့လျှောက်သွားကာ ဖွင့်လိုက်ရာ အခန်းရှေ့တွင် ရပ်နေသော Asahi ကိုတွေ့လိုက်ရသည်။

           "Hyunsuk hyung တို့ BBQစားကြဖို့ခေါ်ခိုင်းလိုက်လို့"

          "သြော် ဟုတ် Sahi hyung"

          Jeongwoo လည်း ပြန်ဖြေလိုက်ပြီး အခန်းတံခါးကိုသော့ခတ်ကာ Asahi နှင့်အတူလိုက်သွားတော့
သည်။BBQ လုပ်စားကြမည့် ကွင်းပြင်ကိုရောက်ချိန်တွင် ဆေးရုံသွားကြသည့် Doyoung နှင့် Yedam မှလွဲ၍ အားလုံးရောက်နေကြသည်။

          Doyoung ခြေထောက်ဒဏ်ရာမှာ သိပ်မပြင်းထန်သော်လည်း Yedam hyung မှာ စိတ်အပူလွန်
နေ၍ ဆေးရုံသို့ရောက်သွားခြင်းဖြစ်သည်။

         Jeongwoo လည်း အသားကင်နေသော Jihoon နှင့် Mashi hyung နားသွားကာ

          "Hyungတို့ ကျွန်တော်ဘာကူပေးရဦးမလဲ။"

          "ကူစရာ ဘာမှမရှိတော့ဘူး။သွားသွား ထိုင်နေ
တော့။ခဏနေစားလို့ရပြီ။"

          Mashi ကရှေ့သွားလေးနှစ်ချောင်း ပေါ်နေအောင် ပြုံးကာ ပြောလိုက်သည်။ထို့ကြောင့် Jeongwoo
လည်းစားပွဲထိပ်ဆုံးရှိ နေရာလွတ်တွင် ဝင်ထိုင်နေလိုက်ကာ မျက်နှာချင်းဆိုင်ရှိ Jaehyuk နှင့် Asahi တို့၏အချစ်ရန်ပွဲကို သာသဘောတကျ ကြည့်ရှုနေလိုက်သည်။

          "Ya Yoon Jaehyuk မင်းကိုငါအမြဲတမ်းမ
ပြောဘူးလား။ထမင်းမစားခင်သရေစာတွေလျှောက်မစားပါနဲ့လို့။ပြောလိုက်ရင်တော့ အင်းပါဆိ်ုပြီး ပြီးရင်ဘယ်တော့မှနားမထောင်ဘူး။"

          "မဟုတ်ပါဘူးကွာ။မင်းစကားနားထောင်ပါတယ်။ကိုတစ်ခါတစ်လေပဲစားမိတာပါ။အခုကလည်း ဟိုကောင် Haruto မကောင်းတာ။သူကအဖော်ခေါ်လို့ စတိုးဆိုင်သွားရင်းနဲ့ စားလိုက်မိတာပါ။"

          "တော် တော် အခုမှသူများလွှဲချမနေနဲ့ ။နားမထောင်တာက နားမထောင်တာပဲ။"

           "Jaehyukie hyung ကျွန်တော်နဲ့ဘာမှမဆိုင်တာကို ဆွဲမထည့်နဲ့နော်။ကျွန်တော်သတိပေးသားပဲ Hyungက Sahi hyung သိလည်းကိစ္စမရှိဘူးလို့
ပြောခဲ့တာမဟုတ်ဘူးလား။"

Betelgeuse (Hajeongwoo)Where stories live. Discover now