Chapter 15 (Unicode)

198 37 0
                                    



      "Yarr....Park Jeongwoo ,Kim Doyoung"

       "အွန်း  Junghwanna"     
       "Hi Junghwan"

       ခေါ်သံနှင့်အတူ အနားရောက်လာသော Junghwan ကို နှစ်ယောက်သားပြန်နှုတ်ဆက်လိုက်သည်။

       "အခုတလော မင်းတို့တွေစိမ်းကားနေတာ ငါ့ကို
ခေါ်တောင်မခေါ်ကြဘူး။"

        အခုမှတွေ့ခါရှိသေး Drama king ကတော့
နှုတ်ခမ်းတထော်ထော်နှင့် ရန်တွေ့တော့သည်။Jeongwoo နှင့် Doyoung လည်း တစ်ယောက်
မျက်နှာ တစ်ယောက်ကြည့်ကာ မနိုင်ဟန်ဖြင့် ခေါင်းခါ
လိုက်ရင်း

       "Ya ငါတို့ကမခေါ်တာလား မင်းကမလိုက်တာလား........  ပြော။အခုတလော ငါတို့နဲ့မလိုက်ဘဲ Yoshi hyung နဲ့ အတူတူသွားနေတာ ငါတို့မသိတာမှတ်လို့  ဟွန့်"

        "အဲ..အဲဒါက Hyung ကခေါ်လို့ပါ။ပြီးတော့ မင်းတို့ကနှစ်ယောက်ဆိုတော့ အဖော်ရှိတယ်လေ။ငါ့မေဂျာမှာ ငါကတစ်ယောက်တည်းလေ။ကဲပါ....အခုရုံးခန်းသွားမှာမလား။"

        Doyoung ပြောစကားကြောင့် Junghwan
မျက်နှာအနည်းငယ်နီသွားကာ စကားလမ်းကြောင်းလွှဲလေသည်။

       "အင်း ဟုတ်တယ်လေ။Jihoon hyung ခေါ်ထားတာပဲ။လာ.... သွားမယ်"

        Jeongwoo တို့လည်း Junghwan ကို ဆက်မစတော့ဘဲ  ကျောင်းကောင်စီရုံးခန်းရှိရာသို့ ထွက်လာခဲ့သည်။

         ရုံးခန်းသို့ရောက်သောအခါ Jihoon hyung ဘေး၌ထိုင်နေသူမှ Jeongwoo တို့ဝင်လာသည်ကို
သေချာစိုက်ကြည့်နေသည်။ထို့နောက် ချက်ချင်းပင် မျက်နှာမှာဝင်းပသွားကာ

         "Justin....မင်း Justin မလား?"

        Jeongwoo လည်းရုတ်တရက်မို့ အံ့သြသွားကာ ခဏအကြာမှအတိတ်က ပုံရိပ်တစ်ချို့ကို ပြန်သတိရမိသွားတော့သည်။

        "Hyung.. Seunghun hyung လား?"

         "ဟုတ်တယ်လေ။ မတွေ့ရတဲ့၃နှစ်လောက်မှာ
မင်းတော်တော်ပြောင်းလဲသွားတာပဲ။မှတ်မိဖို့ တော်တော်
ကြိုးစားလိုက်ရတယ်။အရပ်လည်းအများကြီးရှည်လာသလို ချောလည်းချောလာပါလား။"
     
         Seunghun ရဲ့ပြုံးစစဖြင့် စနောက်နေမှုကြောင့် Jeongwoo လည်း ရှက်ကိုးရှက်ကန်းဖြစ်လာကာ
လုပ်နေကျအကျင့်အတိုင်း လည်ပင်းနောက်ကို လက်ဖြင့်
ပွတ်နေလိုက်မိသည်။ထို့နောက် လွတ်နေသောခုံ၌ဝင်ထိုင်လိုက်ရင်း
 
         "အာ....Hyung ကလည်း ကျွန်တော့ကိုသာ
ပြောနေတာ ။Hyungရော ဘာထူးလို့လဲ။ပိုပိုပြီး ချောလာတာပဲကို။"

Betelgeuse (Hajeongwoo)Where stories live. Discover now