Chapter 27 (Unicode) Completed

207 30 1
                                    

          လေပြည်လေညင်းလေးများကတဖြူးဖြူးတိုက်ခတ်နေသည်။စိမ်းစိုနေသော တောင်ကုန်းပေါ်၌ ရောင်စုံတောရိုင်းပန်းလေးများကလည်း အစွမ်းကုန်ဖူးပွင့်နေကြလေသည်။

         "အဖေ အမေ အကို။ကျွန်တော်လာလည်ပါတယ်။အမေတို့ကိုမိတ်ဆက်ပေးဖို့ လူတစ်ယောက်ခေါ်လာတယ်။ကျွန်တော်ခဏခဏပြောပြဖူးတဲ့ ကျွန်တော့်ရဲ့ပထမဆုံးသူငယ်ချင်းလေ။"

         Jeongwoo ထိုစကားများကိုပြောပြီးနောက် ဘေး၌ရပ်နေသော Haruto ကိုလှည့်ကြည့်လိုက်ကာ ပြုံးပြလိုက်ရင်း

          "အခုတော့ ကျွန်တော်ရဲ့ချစ်သူအဖြစ်အမေတို့ မိတ်ဆက်ပေးရတော့မှာပေါ့။"

           Haruto လည်း Jeongwoo မိဘများ၏အုတ်ဂူကို အရိုအသေပြု လိုက်ရင်း

          "ကျွန်တော်လာတာနောက်ကျသွားလို့ တောင်းပန်ပါတယ်။Woo အနားမှာမနေပေးနိုင်ခဲ့ဘဲ တစ်ယောက်တည်းအထီးကျန်စေခဲ့တဲ့အတွက်လည်း တောင်းပန်ပါတယ်။

            ဒါပေမယ့် အခုချိန်ကစပြီး ကျွန်တော် Wooအနားမှာအမြဲလိုစောင့်ရှောက်နေပေးပြီး တစ်သက်လုံး ချစ်သွားပါ့မယ်လို့ ကတိပေးပါတယ်။"

           ထို့နောက် Haruto လည်း Jeongwoo ၏လက်ဖဝါးလေးကို ဖွဖွလေးလှမ်း၍ ဆုပ်ကိုင်လိုက်သည်။

           "Woo....အဖေအမေတို့ကို နှုတ်ဆက်ရတဲ့ ပထမဆုံးသူကကိုယ်မဖြစ်ခဲ့တဲ့အတွက် ကိုယ်တောင်းပန်ပါတယ်။ကိုယ့်ကတိတည်ဖို့ ၁၀နှစ်တောင်ကြာသွားခဲ့တယ်။"

            "မဟုတ်ပါဘူး Luto ရား။ငါဒီကို ဘယ်သူ့ကိုမှမခေါ်လာဖူးဘူး။လိုက်ပို့ပေးတဲ့ ဖာသာတောင် ခပ်လှမ်းလှမ်းကနေပဲရပ်ကြည့်နေခဲ့တာ။နောက်ပိုင်းကျတော့ ငါတစ်ယောက်တည်းပဲလာလေ့ရှိတာ။ ဘာဖြစ်လို့လဲဆိုတော့ ငါ့မိဘတွေနဲ့ ပထမဆုံးမိတ်ဆက်ပေးမယ့်သူက မင်းပဲဖြစ်နေစေချင်လို့။"

            ထိုစကားကြောင့် Haruto အံ့အားသင့်သွားကာ  Jeongwoo မျက်နှာကို စိုက်ကြည့်လိုက်သည်။Jeongwoo ကလည်း ပြန်လည်မော့ကြည့်လာလေသည်။

            မြတ်နိုးခြင်းတို့ပြည့်နှက်နေသည့် အကြည့်နှစ်ခုဆုံခိုက် အလှပဆုံးသောအပြုံးတွေကို ဖန်တီးလိုက်ကြတော့သည်။တောရိုင်းပန်းလေးများကလည်း အားပေးထောက်ခံနေသည့်အလား ဘယ်ညာယိမ်းထိုးနေကြသည်။

Betelgeuse (Hajeongwoo)Where stories live. Discover now