Chapter 20(Unicode)

177 38 2
                                    



            Jeongwoo တို့အဖွဲ့ ဟော်တယ်သို့ရောက်
ချိန်တွင် မိုးအတော်ပင်ချုပ်နေလေပြီ။ပုံမှန်အတိုင်းဆို ည
နေလောက်ရောက်နိုင်သော်လည်း လမ်းတွင် Junghwan တစ်ယောက် အစားစုံပြီး နေမကောင်း
ဖြစ်နေသောကြောင့် နောက်ကျသွားရသည်။

           "သခင်လေး Yoon အခန်းအားလုံးအဆင်သင့်ပါပဲ။ညနေစာရောပြင်ထားရတော့မလား။"

           "ပြင်ထားလိုက်ပါ။ကျွန်တော်တို့ ရေမိုးချိုးပြီးရင် ဆင်းလာခဲ့လိုက်မယ်။"

            ဟော်တယ်မန်နေဂျာနှင့် စကားပြောနေသော Jaehyuk ကိုကြည့်ကာ Jeongwoo အံ့သြနေစဉ်

            "ပါးစပ်လေးဘာလေးလည်း စိပါဦး ယင်ကောင်
ဝင်သွားဦးမယ်။သိပ်လည်းအံ့သြမနေနဲ့။ဒီဟော်တယ်ရော ခုနကစီးလာတဲ့ကားရောက Jaehyuk hyung အဖေပိုင်တာ။ နောက်ဆိုသူပဲ ဆက်ဦးစီးရမှာ။"

             Haruto ပြောစကားကြောင့် Jeongwoo လည်း ပွင့်နေသောပါးစပ်ကိုပိတ်လိုက်ကာ ရှက်ရယ် ရယ်ရင်း

            "အဟမ်း...တစ်နိုင်ငံလုံးရဲ့ စီးပွားရေးတွေကိုမင်းတ်ုိ့အုပ်စုပဲလုပ် နေသလားတောင် ထင်ရတယ်။"

             "တစ်နိုင်ငံလုံးတော့မဟုတ်ပါဘူး ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ ပိုင်တာပါ။"

              Haruto ကြောင့် Jeongwoo ပါးစပ်
နောက်တစ်ကြိမ်ထပ်ပွင့်သွားရသည်။Haruto လည်း Jeongwoo အံ့သြနေပုံကိုကြည့်ကာ သဘောကျစွာပြုံးလိုက်သည်။ထိုစဉ် Jaehyuk မှ

             "ဒါနဲ့ အခန်းတွေဘယ်လိုခွဲမလဲ။အရင်အတိုင်းပဲလား Jihoonie hyung။"

             "ငါနဲ့ Hyunsuk hyung ကတစ်ခန်း၊Junkyuနဲ့ Mashi ကတစ်ခန်း။Jaehyuk မင်းနဲ့ Sahi ကအတူတူနေမှာမလား။ကျန်တဲ့အခန်းတွေကို
တော့ ကြိုက်သလိုလုပ်။"

             "ကျွန်တော် နဲ့ Doyoung တစ်ခန်းနေမယ်။"

          တစ်ချိန်လုံး အန်ရင်းလိုက်လာသော Junghwan ကအသံဖျော့ဖျော့ဖြင့်ပြောလာသည်။ချက်ချင်းပင် Yoshiဆီမှ ကန့်ကွက်သံပါ တစ်ဆက်တည်း
ထွက်လာသည်။

            "မရပါဘူး။ မင်း ငါနဲ့နေရမယ်။Doyoung နဲ့ထားလိုက်ရင် မင်းစားချင်တာတွေလျှောက်စားတော့မှာ။လွှတ်ထားလို့မရဘူး။Jaehyuk အခန်းသော့ hyung ကိုပေး။"

Betelgeuse (Hajeongwoo)Where stories live. Discover now