Chapter 8 (Unicode)

199 39 2
                                    

           ညသန်းခေါင်ယံ အဝေးပြေးကားလမ်းမပေါ်၌ ကားအသွားအလာများ ကျဲပါးနေချိန်တွင် ကားတစ်စီးမှာ လမ်းမကြီးတစ်
လျှောက် အရှိန်ပြင်းစွာဖြင့် တဟုန်ထိုးမောင်းနှင်လာသည်။ကား
ပေါ်တွင် ကလေးတစ်ဦးနှင့် ကားမောင်းသူ  လူကြီးတစ်ဦးပါလာသည်။တိတိကျကျဆိုရလျှင် ထိုလူကြီးမှာ ကလေးကိုပြန်ပေးဆွဲလာခြင်းပင်ဖြစ်သည်။

            သိပ်မကြာခင်မှာပဲ ထိုကားနောက်မှလိုက်လာသော ရဲကားများ မီလုမီခင်ဖြစ်လာတော့သည်။ပြန်ပေးသမားမှာ ကြောက်လန့်တကြားဖြင့် အရှိန်ကိုထပ်တင်၍ မောင်းတော့သည်။ကားပေါ်ပါလာသော ကလေးမှာ အတော်လေးကိုကြောက်လန့်နေ၍အသံပင်မထွက်ရှာတော့ပေ။

              ဒုန်းးးး .....ဝုန်းးးးးးးး

        ပြန်ပေးသမား၏ကားသည် လမ်းအကွေ့၌အရှိန် မထိန်းနိုင်စွာဖြင့် တိမ်းမှောက်သွားကာ ချောက်ထဲသို့ထိုးကျသွားတော့      သည်။ရဲကားသံ ၊လူအများ၏ထိတ်လန့်တကြားအော်သံ များဖြင့် တိတ်ဆိတ်နေသောညအချိန်ကို ဖြိုခွဲလိုက်ကြတော့သည်။

              အားးးးးးးးးးး 
         Haruto လည်းအိပ်မက်မက်နေရာမှ လန့်နိုးလာကာ    ရုတ်တရက်ထထိုင်လိုက်သည်။ကြောက်မက်ဖွယ် အိပ်မက်ဆိုး  ကြောင့် တစ်ကိုယ်လုံးချွေးများဖြင့် စိုရွှဲနေကာ အသက်ကို အလုအယက်ရှူ သွင်းနေရသည်။မျက်လုံးအစုံတွင်လည်း ကြောက်ရွံ့မှု
က အထင်းသားပေါ်လွင်နေသည်။

         အတိတ်အိပ်မက်ဆိုးတို့က ယနေ့ချိန်ထိ သူ့ကိုခြောက်လှန့်
နေဆဲပင်ဖြစ်သည်။Harutoလည်း အိပ်ယာမှထကာ စားပွဲပေါ်ရှိ       ရေခွက်ကိုလှမ်းယူ သောက်လိုက်မှ အတော်လေး တည်ငြိမ်သွား တော့သည်။ထို့နောက် မှန်ပြတင်းပေါက်မှတစ်ဆင့် ကြယ်ကလေးများ တလက်လက် တောက်ပနေသော ကောင်းကင်ကြီးကိုကြည့်ကာ

          " Woo ငါမင်းဆီ အမြန်ပြန်လာမယ်ဆိုတဲ့ကတိ မတည်နိုင်ခဲ့လို့ တောင်းပန်ပါတယ်။ငါ့ကို မင်းအကြာကြီးစောင့်နေခဲ့  ရတဲ့အတွက်ရော ငါမင်းအကြောင်းတွေကိုသေချာမမှတ်မိနိုင်တော့တဲ့ အတွက်ရော ငါတောင်းပန်ပါတယ်။
        ဒါပေမယ့် ငါမင်းကိုသေချာပေါက် တွေ့အောင်ရှာမှာပါ။ငါ့ကိုစောင့်နေပေးပါ။"

Betelgeuse (Hajeongwoo)Where stories live. Discover now