Chapter 21 (Unicode)

162 39 2
                                    


          Jeongwoo တို့အောက်ထပ်ရောက်တော့ စားသောက်ခန်းထဲ၌ လူစုံတက်စုံရောက်နေကြပြီ ဖြစ်သည်။

          "Jeongwoo နိုးလာပြီလား။မနေ့က အိပ်ယာပြောင်းတော့ ကောင်းကောင်းအိပ်မပျော်ဘူးထင်တယ်။"

          Hyunsuk hyung က ပြုံးကာ နှုတ်ဆက်စကားဆိုလာသည်။ဘေးတွင် ထိုင်နေသော Jihoon hyung မှ

         "Hyung တော်ရုံပြုံးပါ။ကျွန်တော့်ကိုဆို အမြဲဆူနေပြီး ကလေးတွေကိုကျ စကားချိုချိုလေးတွေပဲပြောတယ်။တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို hyung ချစ်သူမှဟုတ်ရဲ့လားတောင် ထင်မိတယ်။"
         
        ဂျယ်လီတွေ နင်နေသော Jihoon ၏ စကားကြောင့် တစ်ဝိုင်းလုံး ပြုံးစိစိ ဖြစ်ကုန်ကြသည်။အခြားသူများနှင့်ဆို လူကြီးလူကောင်းဆန်သလောက် Hyunsuk hyung ရှေ့ဆို ကလေးလို ဂျစ်တိုက်သူကြီးပင်။

           "ကိုယ့်ညီလေးတွေမို့ပေါ့။ဘာလဲ ကလေးတွေကိုတောင် မနာလိုဖြစ်နေတာလား။Hyung က မင်းတစ်ယောက်ကိုပဲ ချစ်တာပါ Jihoona.."

           "အာ...Hyung တို့ကလည်း စောစောစီးစီး အချစ်ငှက်မောင်နှံလုပ်မနေနဲ့ ကျွန်တော်တို့လည်းအားနာပါဦး။"

           "အောင်မယ် မင်းလည်းဘာထူးလို့လဲ Kim Junkyu။ ခုနကတင် Mashi ကို ဟင်းတွေထည့်ပေးလိုက် ပါးစပ်သုတ်ပေးလိုက် လုပ်နေပြီးတော့။"

           အချစ်ငှက်မောင်နှံကို အမြင်ကပ်ကပ်နှင့် ပြောလိုက်သော Junkuy လည်း Jihoon စကားကြောင့် ပြန်ငြိမ်သွားကာ Mashi ကိုသာ ဂရုစိုက်နေတော့သည်။

           အပြန်အလှန်စကားပြောနေကြစဉ်မှာပင် Haruto ဘေး၌လွတ်နေသောခုံသို့ Doyoung ဝင်ထိုင်လိုက်သည်။
ထို့ကြောင့် Jeongwoo လည်း Yedam ဘေး၌သာဝင်ထိုင်လိုက်ရင်း စားသောက်ခန်းထဲကို မျက်လုံးဝေ့ကြည့်ကာ

         "Seunghun hyung ကိုမတွေ့ပါလား။"

         "Seunghun hyung က အရေးကြီး ကိစ္စလေးတစ်ခုရှိလို့ ပြန်သွားတယ်။"

          Jihoon စကားကိုကြားပြီးနောက် Jeongwoo လည်း အစားအသောက်ကိုသာ အာရုံစိုက်နေလိုက်တော့သည်။

            မိမိဘေးရှိသူမှာ မျက်လုံးကမီးပွင့်မတတ် စိုက်ကြည့်နေမှန်း Doyoung သိသော်လည်း ကိုယ့်ဝမ်းနာကိုယ်သာသိသည်မို့ မသိချင်ယောင်သာ ဆောင်နေလိုက်သည်။

            ထို့နောက် Haruto လည်း မျက်စောင်းထိုးခုံ၌ ထိုင်နေသော Yedam က Doyoungကို လှမ်းကြည့်နေသည်ကိုမြင်လိုက်ပြီးနောက် အကြံတစ်ခုပေါ်လာကာ Haruto မျက်နှာ၌ ကြောက်စရာကောင်းသည့် အပြုံးတစ်ခု ဖျတ်ခနဲပေါ်လာပြီး

Betelgeuse (Hajeongwoo)Where stories live. Discover now