Chapter 12(Unicode)

202 37 3
                                    



          အဖြူ ရောင်နံရံများဖြင့်ကာရံထားသော ဆေးရုံခန်းထဲတွင် ကုတင်ပေါ်၌ လဲလျောင်းနေသူ၏ အသက်ရှူ သံ မှတစ်ပါး တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။မကြာမီ ဆေးရုံခန်းတံခါးပွင့်လာကာ သူနာပြုဆရာမတစ်ယောက်နှင့် Jeongwoo အခန်းထဲသို့ဝင်လာခဲ့သည်။

        "အိပ်ပျော်သွားတာ နည်းနည်းတော့ကြာပြီ။မကြာခင်နိုးလာတော့မှာပါ။အခုတလော မင်းကိုတောင်မေးနေသေးတယ်။ဒါပေမယ့် မင်းအတွက်အနှောင့်အယှက်ဖြစ်မှာစိုးလို့နဲ့တူပါတယ် မဆက်သွယ်ခိုင်းဘူး။"

       Jeongwooလည်းသူနာပြုဆရာမကြီး၏ စကားကို ခေါင်းညိတ်ပြလိုက်ရင်း ကုတင်ဘေးရှိခုံ၌ဝင်ထိုင်လိုက်သည်။ထိုအချိန်မှာပင် လဲလျောင်းနေသူ၏မျက်လုံးများ ပွင့်လာကာ

       "Woo လေးလား။မင်းဘယ်တုန်းကရောက်လဲ။"

       "အခုလေးတင်ပဲရောက်တာပါ ဖာသာကြီး။နေလို့ကောင်းရဲ့လား။ဘယ်လိုနေသေးလဲ။ကျွန်တော်မအားတာနဲ့ ခဏခဏမရောက်ဖြစ်တာပါ။ကျောင်းပိတ်ရင်တော့ နေတိုင်းအဖော်ပြုပေးပါ့မယ်။"
      
        Jeongwoo ဖာသာ၏ပိန်သွယ်ကာ အရိုးပေါ်လုလု လက်လေးများကိုဆုပ်ကိုင်ကာ ပြောလိုက်သည်။ထိုအခါ ဖာသာကြီးမှ အားမရှိလှစွာ ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း

        "မဟုတ်တာ။မင်းအခုတောင်မှ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ပင်ပန်းနေပါပြီ။ငါ့အတွက်စိတ်မပူပါနဲ့။"

        "ဟုတ်ကဲ့ပါ။ဖာသာကြီးကြိုက်တဲ့ အသီးတွေဝယ်လာတယ်။ကျွန်တော်ခွာပေးမယ်လေ။နဲနဲတော့စားလိုက်ဦး။"

       မိဘတွေမရှိတော့ကတည်းက ခင်တွယ်စရာသံယောဇဉ်ဟူ၍ ဖာသာကြီးတစ်ယောက်သာရှိတော့ သောကြောင့် ဒီတစ်ယောက်ကိုတော့ဖြင့် ခေါင်းမာမာဖြင့် လက်မလွှတ်ပေးချင်သေးပေ။

         ထို့ကြောင့်လည်း ဆေးကုသစရိတ်အတွက် Jeongwoo အသည်းအသန်ကြိုးစားနေသည်မဟုတ်လား။

       💎💎💎💎💎💎💎💎💎💎💎💎💎

      Junkyu,Mashiho နှင့် Asahi တို့သုံးယောက်သား ဓာတ်လှေကားထဲမှ ထွက်ထွက်ခြင်း Mashiho တစ်ယောက်ရင်းနှီးနေသူ ကိုတွေ့လိုက်ရသောကြောင့် လှမ်းခေါ်လိုက်သည်။

Betelgeuse (Hajeongwoo)Where stories live. Discover now