Chapter 4(Unicode)

190 43 2
                                    

၁၀နှစ်ကြာပြီးနောက်

        'တင်းတောင် ..... တင်းတောင်'
        'တင်းတောင်.....  တင်းတောင်'

          "လာပြီ  လာပြီ" အဆက်မပြတ်မြည်နေသော တံခါးဘဲလ်  မြည်သံကြောင့်  Jeongwoo တစ်ယောက်အိပ်ယာမှ အလူးအလဲထကာ တံခါးဆီသို့အပြေးသွားဖွင့်ရလေသည်။
       
          "ဘယ်အချိန်ရှိနေပြီလဲ။ မင်းကအခုထိအိပ်နေတုန်းလား။ ဘာမှလည်းမပြင်ရသေးဘူး။ဒီနေ့ ကျောင်းစတက်ရမှာရောသိသေးရဲ့လား။"

          တံခါးဖွင့်ဖွင့်ချင်းမှာပင် ပါးစပ်ကစက်သေနတ်ပစ်သလို ပြောလာသော So Junghwan။Jeongwoo ရဲ့တစ်ဦးတည်းသော သူငယ်ချင်းလေး။အထက်တန်း ပထမနှစ်ကတည်းက   ခင်လာခဲ့တာ ယခုတက္ကသိုလ်တက်မည့်အချိန်ထိပင်။

         "ဟေ့ကောင် So Junghwan ပွစိပွစိလုပ်နေနဲ့။ဒီနေ့ကျောင်းတက်ရမှာငါသိတယ်။အချိန်ကိုလည်းကြည့်ဦး။အခုမှအစောကြီးရှိသေးတယ်။ကျောင်းတက်ဖို့အဲလောက်တောင်တက်ကြွနေလား။"

          Jeongwoo အော်လိုက်တော့မှ တက်ကြွတဲ့ကြက်ဖဖြစ်နေတဲ့ Junghwanတစ်ယောက် သွားဖြဲလေးနဲ့ရယ်ပြကာအိမ်ထဲဝင်လာလေသည်။

        "ဟီး မင်းကလည်းကွာ မဆိုစလောက် ၂နာရီလေးပဲစောသွားတာကို။ဒါနဲ့ မင်းအချိန်ပိုင်းအလုပ်က မိုးချုပ်ပြန်ပြီလား။ငါပြောတယ် မိုးချုပ်တဲ့အထိမလုပ်ပါနဲ့ဆို။အရင်ကျောင်းပိတ်ထားတုန်းက ကိစ္စမရှိဘူး။အခုလို ကျောင်းစတက်ရပြီဆိုရင် မဖြစ်တော့ဘူးလေ။မင်း ပညာသင်ဆုလည်းရထားတာပဲကို နည်းနည်းလောက်တော့အလုပ်လျှော့လုပ်ပါ Woo ရာ"

         အမှန်တကယ်ကို စိတ်ပူနေသော အမူအရာဖြင့် ပြောလာသော Junghwan ကိုကြည့်ကာ Jeongwoo ပြုံးလိုက်မိသည်။Junghwanဘဝမှာ အစားပြီးလျှင် Jeongwoo ကိုအခင်တွယ်ဆုံးပင်။အပေါင်းအသင်းနည်းသော Jeongwoo အတွက်လည်း Junghwan သည် သူငယ်ချင်းအဖြစ်သာမက မိသားစုဝင်တစ်ယောက်လိုပင်ဖြစ်သည်။

        "အေးပါကွာ ငါသိပါတယ်။သူဋ္ဌေးကလည်း ငါ့ကို ဂျူ တီချိန်းပေးထားပါတယ်။သောကြာညရယ် စနေညရယ်ပဲလုပ်ရတော့မှာပါ။ခဏထိုင်ဦး ငါရေသွားချိုးဦးမယ်။"

        "မြန်မြန် လုပ်။ပြီးရင်မနက်စာသွားစားမယ်။" Jeongwooလည်းနောက်မှအော်ပြောနေသော Junghwan အသံကိုလျစ်လျူ ရှုကာ ရေချိုးခန်းထဲဝင်သွားတော့သည်။

Betelgeuse (Hajeongwoo)Where stories live. Discover now