Chapter 24 (Unicode)

200 40 11
                                    


           Jeongwoo အချိန်ပိုင်းအလုပ်မှပြန်လာပြီးနောက် နွမ်းလျစွာဖြင့် ဆိုဖာပေါ်သို့ပစ်လှဲလိုက်သည်။ခရီးမှပြန်လာပြီးကတည်းက Haruto နှင့်မတွေ့ရန်ပတ် ရှောင်နေသည်မှာ ၁ပတ်ခန့်ပင် ရှိချေပြီ။

          ထို့နောက် Harutoကိုမဖွင့်ရန်တားမြစ်ခဲ့သော အခန်းရှေ့သို့လျှောက်သွားကာ သက်ပြင်းတစ်ချက်ချလိုက်ရင်း တံခါးကိုတွန်းဖွင့်လိုက်တော့သည်။အခန်းထဲတွင် များပြားလှသော ပန်းချီကားများချိတ်ဆွဲထားရာ ပန်းချီပြခန်းတစ်ခုအလားပင် ထင်မှတ်ရသည်။

          အချို့ပုံများသည် အသက် ၉နှစ်ခန့်ရှိမည့် ကောင်လေးပုံများဖြစ်ပြီး အချို့ပုံများမှာတော့ ချောမောခန့်ညားသည့် လူငယ်တစ်ယောက်၏ပုံများဖြစ်သည်။သေချာကြည့်မည်ဆိုပါက ပန်းချီကားအားလုံးသည် လူတစ်ယောက်တည်းကိုသာ ရေးဆွဲထားသည်ကို တွေ့ရလိမ့်မည်။

           အခန်းထောင့်ရှိ စားပွဲပေါ်တွင်တော့ ကြယ်များနှင့်ပတ်သက်သောစာအုပ်အချို့နှင့် ညလင်းမီးအိမ်လေးတစ်ခုသာရှိသည်။Jeongwoo လည်းဆွဲလက်စ ပန်းချီကားရှေ့ရှိခုံ၌ ဝင်ထိုင်လိုက်ရင်း

           "Luto ငါမင်းပုံကိုဆွဲတာ ဒီတစ်ခါနောက်ဆုံးဖြစ်လိမ့်မယ်ထင်တယ်။မင်းရဲ့ ငါ့အပေါ်သဘောထားကို သိလိုက်ရတာ ငါ့အတွက် ရင်နာရသလို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချနိုင်ဖို့ တွန်းအားလည်းဖြစ်သွားတယ်။

             မင်းသဘောကျနေတဲ့သူရှ်ိတယ်ဆိုတဲ့အတွက်လည်း ဝမ်းသာပါတယ်။မင်း အထီးမကျန်ရတော့ဘူးပေါ့။ငါကတော့ မင်းလင်လက်ပျော်ရွှင်နေတာကို အဝေးကနေ တစ်သက်လုံးစောင့်ကြည့်သွားမှာပါ။ငါမင်းကိုအရမ်းချစ်တယ် ..... Luto"

            ခပ်တိုးတိုးရေရွတ်နေရင်း တစ်လှိမ့်လှိမ့်ကျလာသော မျက်ရည်တွေကို ပါးပြင်ပေါ်သို့ လွတ်လပ်စွာကျဆင်းခွင့်ပြုထားလိုက်သည်။သည်မျက်ရည်များသည် တစ်ဖက်သတ်အချစ်တစ်ခု နိဂုံးချုပ်ခြင်းအတွက် နောက်ဆုံးကျသောမျက်ရည်များပင် ဖြစ်သည်။

            💎💎💎💎💎💎💎💎💎💎💎

         Haruto ,Jaehyuk နှင့် Asahi တို့သုံးယောက်သား ရုံးခန်းထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ထိုင်နေကြသည်။မကြာခင်မှာပင် အခန်းထဲသို့ ဘုန်းတော်ကြီးတစ်ဦး ဝင်လာကာ

Betelgeuse (Hajeongwoo)Where stories live. Discover now