Chapter 3 (Unicode)

199 38 0
                                    

         လေတစ်ဖြူးဖြူးတိုက်ခတ်နေသော တောင်ကုန်းမြင့်ပေါ်တွင် ကမ္ဗည်းမှတ်တိုင် ၃ခုစိုက်ထူထားသောအုတ်ဂူကြီးတစ်ခု ရှေ့၌ အနက်ရောင်ဝတ်စုံနှင့် ကောင်လေးတစ်ယောက် ဒူးထောက်၍ထိုင်နေသည်။

   "အဖေ၊အမေ ၊အစ်ကို ကျွန်တော်ရောက်လာပါပြီ။ မကြာခဏလာမတွေ့နိုင်လို့တောင်းပန်ပါတယ်။"

   "ကျွန်တော်ကတော့အဆင်ပြေပြေရှိနေပါတယ်။ဖာသာကလည်း ကောင်းကောင်းဂရုစိုက်ပါတယ်။အမေတို့စိတ်ချလက်ချနေလို့ရပါတယ်။ပြီးတော့ကျွန်တော့်မှာ အရမ်းကောင်းတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိနေပြီ။နောက်တစ်ခါကျရင် သူ့ကိုအမေတို့နဲ့တွေ့ပေးဖို့ခေါ်လာခဲ့ပါ့မယ်။"

    Jeongwoo ရဲ့မျက်ဝန်းများတွင် မျက်ရည်များရစ်ဝဲနေသော်လည်း အပြင်သို့တစ်ပေါက်မှကျမလာစေရန် ထိန်းချုပ်ထားသည်။ငယ်စဉ်ကပင် လောကဓံကိုတွေ့ကြုံခဲ့ရသော ကလေးပေမို့် စိတ်ခံစားချက်ကိုအပြင်သို့တော်ရုံထုတ်မပြတတ်ပေ။ထိုမြင်ကွင်းကို မလှမ်းမကမ်းသစ်ပင်အောက်မှ ရပ်ကြည့်နေသော ဖာသာလည်း စိတ်မကောင်းစွာဖြင့် သက်ပြင်းချမိလေသည်။

  Jeongwooလည်း အဖေ အမေနှင့် အစ်ကိုတို့ကို အချိန်အတော်ကြာ အဖော်ပြု ပြီးနောက် ဂေဟာသို့ပြန်လာခဲ့ကြသည်။

                       💎💎💎💎💎💎

      ယနေ့သည် Jeongwoo ၏မွေးနေ့လည်းဖြစ်သလို Jeongwoo မိဘများ ကွယ်လွန်သော နှစ်ပတ်လည်နေ့လည်းဖြစ်ပေသည်။ဒီလိုနေ့ရောက်တိုင်း Jeongwoo တစ်ယောက် စိတ်နှင့်လူ မကပ်သလို တွေးငေးနေတတ်သည်။ယခုလည်း သစ်ပင်အောက်တွင်ထိုင်ကာ အတွေးထဲနစ်မြောနေပြန်သည်။

      "Woo"   
အနားကပ်ကာခေါ်လိုက်သောအသံကြောင့် Jeongwoo သတိပြန်ဝင်လာသည်။လှည့်ကြည့်စရာမလိုလောက်အောင်ပင် ခေါ်သံသည်အလွန်ရင်းနှီးနေပေသည်။
     "Luto ရား ဘယ်တုန်းကရောက်နေတာလဲ။"

     "ခုနကပဲရောက်တာ မင်းကဒီမှာဘာလုပ်နေတာလဲ "

ပြောရင်းဆိုရင်းဘေးနားမှာဝင်ထိုင်လိုက်သော Haruto ကိုလှည့်ကြည့်လိုက်မိသည်။စိတ်ထင်လို့ပဲလား မသိ Haruto မျက်နှာသိပ်မကောင်းသလိုပင်။

Betelgeuse (Hajeongwoo)Where stories live. Discover now