Chapter 16(Unicode)

211 42 2
                                    


        ကျောင်းကောင်စီရုံးခန်းထဲတွင်

      "လူစုံပြီလား။Jeongwoo ရောမရောက်သေးဘူးလား။"

      "အာ....Hyunsukie hyung ကျွန်တော်ပြောဖို့မေ့နေတာ။Jeongwoo က Seunghun hyung နဲ့အတူတူ လိုက်သွားတယ်။"

      Jihoon ၏အဖြေကြောင့် Haruto ရင်ထဲတွင် ရုတ်တရက် အပူလှိုင်းတစ်ခုဖြတ်သွားသလိုပင်။
    
      "သူတို့က ဘာကိစ္စဒီလောက် တတွဲတွဲဖြစ်နေတာလဲ။"
  
      Haruto ၏မကျေမနပ်ဖြင့် ခပ်တိုးတိုးငြီးတွားသံကြောင့် Asahi မျက်နှာ၌ မချိုမချဉ်အပြုံးတစ်ခုပေါ်လာကာ Harutoနားကပ်၍

     "မင်းကမကျေမနပ်ဖြစ်နေတာလား။ဘာလဲ အတူတူသွားတဲ့သူကမင်းမဟုတ်လို့လား"

      Haruto လည်း Asahi ကိုမျက်မှောင်ကျုံ့ကာ ကြည့်လိုက်ပြီး ဟွန့်ခနဲ နှာမှုတ်သံပေးကာ ပြန်လှည့်သွားတော့သည်။

      "ကဲဒါဆိုလည်း ငါတို့ပဲအစည်းအဝေးစကြတာပေါ့။Doyoung နဲ့ Junghwan ကတော့ နောက်မှJeongwoo ကိုပြန်ပြောပြပေးလိုက်။"

      " Nae hyung" Doyoung နှင့် Junghwan လည်းသံပြိုင်ပြန်ဖြေလိုက်သည်။

          💎💎💎💎💎💎💎💎💎💎💎

      "Hyung ဒီတစ်ခါပြန်လာတာ စာတမ်းအတွက်ရော ဟုတ်ရဲ့လား။တစ်ခြားကိစ္စတစ်ခုခုရှိတယ်မလား။"

       ဟန်မြစ်ကမ်းဘေးရှိ မြက်ခင်းပြင်ပေါ်တွင်ထိုင်ကာ လေအဝှေ့တွင်လူးလွန့်နေသော လှိုင်းကြက်ခွပ်လေးများကိုငေးနေရာမှ Seunghun လည်းသတိပြန်ဝင်လာကာ

     "ဘာလို့အဲလိုထင်တာလဲ Justin"

     "Hyung နိုင်ငံခြားသွားရတဲ့အကြောင်းအရင်းက Byounggon hyung နောက်လိုက်ဖို့မလား။
       အဲဒါကြောင့် သူ့ကိုထားပြီး hyung တစ်ယောက်တည်းပြန်လာစရာ အကြောင်းမှမရှိတာ။"

       Seunghun လည်း မေးခွန်းထုတ်နေသော Jeongwoo ၏ ခေါင်းလေးကိုခပ်ဖွဖွပုတ်ကာ အပြုံးခပ်ဖျော့ဖျော့ပြုံးပြလိုက်ရင်း

       "Wow Justin ကအရင်လို ဉာဏ်ကောင်းနေတုန်းပါပဲလား။"

        "Hyung ဘာတွေဖြစ်လာတာလဲ။ကျွန်တော့်ကိုပြောပြလို့ရမလား။ကျွန်တော်ကူညီနိုင်တာရှိရင် ကူပေးလို့ရတာပေါ့။"

Betelgeuse (Hajeongwoo)Where stories live. Discover now