Chapter 25 (Unicode)

181 41 10
                                    


     "Ruto ရားး မင်းကြည့်ရတာလည်း ကြက်ကြီးလည်လိမ်ထားသလိုဖြစ်နေပါလား။ဘာဖြစ်လာတာလဲ"

       အခန်းထဲသို့ ဝင်ဝင်ချင်းပင် Yoshi ဆီမှထောပနာ
ပြု သံကြောင့် Haruto မျက်နှာပို၍ပင်ရှုံ့မဲ့သွားတော့သည်။ထို့နောက် Yoshi နှင့်မျက်နှာချင်းဆိုင်ခုံသို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။Jaehyuk နှင့် Asahi တို့လည်းကျန်နေရာများ၌ ဝင်ထိုင်လိုက်ကာ

        "ဒီကောင့်အဖြစ်က ထီပေါက်ပြီးထီလက်မှတ်ပျောက်တာ။ အဲ...မဟုတ်သေးဘူး။မပေါက်ဘူးထင်ပြီး ဖြဲလိုက်တဲ့လက်မှတ်က အမြင့်ဆုံးဆုပေါက်နေတာမျိုး hyung ရ။"

        Jaehyuk ပြောစကားကြောင့် ကျန်သူများ နားလည်ရခက်သွားကာ

         "ငါတို့နားလည်အောင်ပြောစမ်းပါ Jaehyuk ရာ။မင်းမလည်း တော်ကီတွေကြွယ်တယ်ဆိုပြီး စွတ်ပြောတော့တာပဲ။မင်းတော်ကီတွေက်ို Sahi နဲ့မှသုံး။အခုငါတို့ကို ဘာဖြစ်လာတာလဲရှင်းပြ။"

         Yedam စကားကြောင့် Jaehyuk လည်းမချိသွားဖြဲ ပြုံးပြလိုက်ရင်း

          " ဟီး...Sahi မင်းပဲရှင်းပြလိုက်တော့။ငါပြောရင်လိုရင်းရောက်မှာမဟုတ်ဘူး။ဟိုကောင် Haruto ကလည်းသူ့ဟာနဲ့သူဆွေးနေတာဆိုတော့ ပြောနိုင်မှာမဟုတ်ဘူး။"

          "အဟမ်း..Ruto ရဲ့ငယ်သူငယ်ချင်းက်ိုရှာတွေ့လာပြီ။သူကကျွန်တော်တို့အားလုံးသိပြီးသားသူပဲ။Park Jeongwoo ဖြစ်နေတယ်။"
  
           နားထောင်နေသူများအံ့သြသွားကြကာ အာမေ
ဋိတ်သံ ပေါင်းစုံထွက်လာတော့သည်။

            "ဘာ.....ဘယ်လို"
     
             "ဟင်....တကယ်ပဲလား"

          "တကယ်ဆို အဲဒါဝမ်းသာရမှာမဟုတ်ဘူးလား။Ruto ကလည်း Jeongwoo က်ိုသဘောကျနေတာပဲကို။"

          Mashi မှအံ့သြတကြီး ဝင်ပြောလာသည်။Asahi လည်း ခေါင်းအသာရမ်းလိုက်ရင်း

         "ခက်တာက Jeongwooက Seunghun hyung နဲ့တွဲနေကြပုံရတယ်။နှစ်ယောက်သား ဖက်နေကြတာကို Ruto ကိုယ်တိုင်တွေ့ခဲ့တာ။
          ပြီးတော့ အဆိုးဆုံးကJeongwooရှေ့မှာ ငယ်သူငယ်ချင်းကိုမကြိုက်ဘူးဆိုတဲ့အကြောင်းလည်း Ruto ကပြောလိုက်မိသေးတယ်။ဒါကြောင့်အခုလိုဖြစ်နေတာ hyung"

Betelgeuse (Hajeongwoo)Where stories live. Discover now