Special Chapter(Unicode)

197 38 0
                                    

         "Yar...... Kim Junkyu"
  
     ခေါင်းငိုက်စိုက်ချကာ အသိစိတ်ပျောက်နေသူလို လမ်းလျှောက်နေသော Junkyu တစ်ယောက်မှာတော့ Jihoon ခေါ်သံကိုသတိမမူမိသည့်အလားပင်။

       Jihoon လည်း Junkyu အနားကိုကပ်သွားကာ ပုခုံးကိုလှမ်းဖက်လိုက်တော့မှ လှည့်ကြည့်ဖော်ရတော့သည်။အတော်လေးကို ပျက်ယွင်းနေသော Junkyu မျက်နှာအနေအထားကြောင့် Jihoon စိတ်ပူသွားမိသည်။

       "Yar.. Kim Junkyu.ဘာဖြစ်နေတာလဲ။နေမကောင်းဘူးလား။"

        ငိုချင်လျက်လက်တို့ဆိုသလို မေးမိကာမှ ချက်ချင်းပင်ငိုချတော့မလို ဖြစ်လာကာ

       "Jihoonna ငါဘယ်လိုလုပ်ရမလဲ။Sunday တုန်းက Shiho နဲ့ငါ အပြင်သွားလည်တယ်။အဲမှာ Shiho မုန့်သွားဝယ်တုန်း ကောင်မလေး၃ယောက်လောက်က ဓာတ်ပုံရိုက်ပေးဖို့အကူအညီတောင်းလို့ ရိုက်ပေးလိုက်မိတာ Shiho ကမြင်သွားရော။ပြီးတော့ ငါ့ကိုစိတ်ကောက်သွားတာ ဘယ်လိုမှချော့မရတော့ဘူး။ဖုန်းလည်းဆက်မရဘူး။မတွေ့ရတာလည်း ၃ရက်လောက်ရှိပြီ ။"

       "ဘာ... အဲဒါဆို ဟိုနေ့က hyunsukie hyung ဆီ Shiho ဖုန်းဆက်တာအဲဒါကြောင့်ထင်တယ်။မင်းသိသားနဲ့ Shiho ကမင်းကိုဘယ်လောက်ဂရုစိုက်တယ်ဆိုတာ။သူကျေနပ်အောင်မင်းပြန်ချော့လိုက်လေ။"

      "ပြန်ချော့ဖို့ကို လူလည်းအတွေ့မခံ။ဖုန်းပါမကိုင်လို့ စိတ်ညစ်နေတာပေါ့ ။သူ့အိမ်သွားလည်းထွက်မတွေ့ဘူး။ဘယ်လိုလုပ်ရမလဲ ကူစဉ်းစားပေးပါဦး Jihoona"

      "ကဲပါ ငါကူစဉ်းစားပေးမယ်။လောလောဆယ် ငါကျောင်းစီဌာနကိုသွားမှာ။ လိုက်ခဲ့ ဟိုမှာဆိုလူများတော့ အကူအညီပိုရတာပေါ့။"
         Junkyu လည်း သက်ပြင်းချကာ ခေါင်းငိုက်စိုက်နှင့်ပင် Jihoon ခေါ်ရာနောက်လိုက်သွားတော့သည်။

         💎💎💎💎💎💎💎💎💎💎💎

   "Junkyu ya မင်းတို့အတွဲက ပြသနာဖြစ်ခဲပါတယ်။အေးပေါ့လေ Shiho လည်းရုတ်တရက်မြင်လိုက်ရတော့ စိတ်မကောင်းဖြစ်သွားမှာပေါ့"
    
     "ကျွန်တော်ဆို Hyung ကို ဘယ်တော့မှ စိတ်မကောင်းဖြစ်အောင်မလုပ်ဘူးနော် "

       ကြားထဲမှ အမှတ်ဝင်ယူနေသော Park Jihoon ပင်ဖြစ်သည်။
    
      "Junkyu hyung ဖုန်းထပ်ဆက်ကြည့်ပါလား။အခုကိုင်ချင်ကိုင်မှာပေါ့"
      Doyoung ၏အကြံပေးချက်ကြောင့် Junkyuလည်း Mashiho ဆီဖုန်းခေါ်လိုက်သည်။

Betelgeuse (Hajeongwoo)Where stories live. Discover now