5.

3.6K 279 5
                                    

Unicode

တချွတ်ချွတ်အသံဟာ နားစည်အတွင်းသို့ ဝင်ရောက်ရိုက်ခတ်လာသည့်အခါမှာတော့ အအိပ်ဆက်လွန်းတဲ့ မင်းချမ်းမွန်ရဲ့ မျက်လုံးကလေးများဟာ ဖြေးညင်းစွာ ဖွင့်ဟလာရတော့သည်။

ကျောင်းပိတ်ရက်လည်းဖြစ်၊ နေ့လည်နေ့ခင်းလည်းဖြစ်တာမို့ ကုတင်ခေါင်းရင်းလေးအားမှီကာ စာအုပ်ဖတ်နေရာမှ မှေးခနဲဖြစ်သွားပြီး အသံကြားသည့်အခါမှ နိုးလာရခြင်းပင်။

''အာ....ကိုချမ်းမွန် ကျွန်တော့်ကြောင့်နိုးသွားတာလားဗျ....အားနာလိုက်တာ ''

ခါးမှပုဆိုးကို ခါးတောင်းမြောင်နေအောင်ကျိုက်နေတဲ့ ကံ့ကော်သက်လွင်ဟာ ခါးတောင်းကျိုက်နေရင်းမှ သူ့ဘက်ကိုလှည့်၍ အားနာစကားဆိုလာလေသည်။

ကျစ်လျစ်လှသော ကံ့ကော်သက်လွင်၏ ပေါင်တံဝင်းဝင်းကို တွေ့လိုက်သည့်တခဏမှာတော့ မင်းချမ်းမွန်၏ ဖြူဖွေးသော မျက်နှာနှင့် နားရွက်ဖျားတို့သည် တလှုပ်လှုပ်ပင်ဖြစ်ကာ ရုတ်တရက်အပူချိန်များမြင့်တက်လာသလို ခံစားလိုက်ရသည်။

ကာယကံရှင်ဖြစ်တဲ့ ကံ့ကော်သက်လွင်ကတော့ မင်းချမ်းမွန်၏ အဖြစ်ကိုမသိဘဲ လုပ်လက်စကိုသာ အာရုံစိုက်၍ လုပ်နေလေသည်။

''ကဲ! ကျွန်တော်တော့ သွားလိုက်ဦးမယ်ဗျို့! ကိုချမ်းမွန်ပျင်းရင် လိုက်ခဲ့ပါလား ''

အပေါ်က စွပ်ကျယ်သာ ဝတ်ထားပြီး အောက်ကပုဆိုးခါးတောင်းကျိုက်နဲ့ ကံ့ကော်သက်လွင်ဟာ အပြင်ဘက်သို့ ထွက်ရန်ပြင်နေတာမို့ မင်းချမ်းမွန်မှာ မျက်နှာပူတာကိုနောက်မှာထား၍ အစောတလျင်ပင်မေးမြန်းရတော့သည်။

''ကိုသက်လွင်! ဒီ....ဒီပုံစံနဲ့ ဘယ်သွားမလို့လဲ...''

''ကျွန်တော် ခြင်းသွားခတ်မလို့ဗျ ''

''ခြင်းသွားခတ်မလို့......''

သံယောင်လိုက်ပြီးမေးတဲ့ မင်းချမ်းမွန်၏စကားအား ကံ့ကော်သက်လွင်က ပြုံး၍ပင် ခေါင်းညိတ်ပြလာသည်။

''ဟုတ်တယ်ဗျ....ကျောင်းမှာ မိုးရာသီ အားကစားပြိုင်ပွဲရှိတယ်လေ အဲ့ဒီမှာ ကျွန်တော်က ခြင်းဝင်ခတ်ဦးမှာဗျ ကိုချမ်းမွန် သိလားတော့မသိဘူး....ကျွန်တော်က ကျောင်းရဲ့ ခြင်းခတ်လက်ရွေးစင်ထဲမှာပါတယ်လေ ဟဲဟဲ ''

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Wo Geschichten leben. Entdecke jetzt