ရွှေတောင်ကြားလမ်း၏ ရှေးရိုးဆန်မှုနှင့် ခေတ်အပြင်အဆင်တို့အား ပေါင်းစပ်ကာတည်ဆောက်ထားသော နှစ်ထပ်တိုက်အိမ်ကျယ်ကြီး၏ ဧည့်ခန်းကျယ်တစ်ခု၌တွင်တော့ ဟန်ဆောင်အပြုံးများအား ဖောဖောသီသီသုံးစွဲနေကြသော လူကြီးတစ်ယောက်နှင့် သက်လတ်ပိုင်းလူငယ်တစ်ယောက်တို့သည် အကျိုးလို၍ညောင်ရေသွန်းသော စကားဝိုင်းအား ဖောင်ဖွဲ့ကာပြောဆိုနေကြပါသည်။
''ဒါဖြင့် မောင်သျှင်းသန့်ဦးက မင်္ဂလာပွဲကို ရက်တိုးပြီးလုပ်ချင်တယ်ပေါ့ ဟုတ်သလားကွဲ့ ''
''ဟုတ်ကဲ့ အန်ကယ်လ်၊ အဖေဖြစ်သူရှေ့မှာဝန်ခံရတာ နည်းနည်းတော့ရှက်စရာကောင်းပေမယ့် ကျွန်တော်က ငယ်သွေးကို အတော်လေးမှ နှစ်ခြိုက်နေမိတာမို့ ပိုင်ဆိုင်ဖို့ရာ မစောင့်နိုင်တော့ဘူးဗျာ ''
သျှင်းသန့်ဦး၏ ပျားသကာလိုချိုမြနေသောစကားကြောင့် ယွန်းငယ်သွေး၏အဖေဖြစ်သူ အာဏာရဝန်ကြီးချုပ်က သဘောတကျပင် အသံခပ်ကျယ်ကျယ်ဖြင့်ရယ်မောလာတာမို့ သျှင်းသန့်ဦးလည်း ပြုံးရွှင်မှုမျက်နှာဖုံးတစ်ခုအား မျက်နှာထက်၌အပီအပြင်တပ်ကာဖြင့် အကျေနပ်ကြီးကျေနပ်မိနေတော့သည်။
''အေးကွဲ့! မောင်သျှင်းသန့်ဦးလိုလူမျိုးကို စောစောစီးစီး သမက်တော်ရတော့လည်း အန်ကယ်လ့်အတွက် ပိုပြီးအဆင်ပြေတာပေါ့ကွာ မဟုတ်ဘူးလား ဟားး ဟားး ဟားး ''
''ဟုတ်ကဲ့၊ ကျွန်တော့်ကို တူအရင်း သားအရင်းတစ်ယောက်လိုသဘောထားပြီး အန်ကယ်လ်ဖြစ်စေချင်တဲ့အတိုင်း ပုံသွင်းလို့ရပါတယ်ခင်မျာ ''
သျှင်းသန့်ဦးက သမီးဖြစ်သူကိုလိုချင်လို့ အဖေဖြစ်သူ၏ရုပ်သေးအဖြစ်နေမယ်လို့ မပြောရုံတမယ် စကားလှလှလေးများဖြင့် လှပ်ပါပြောမိသည့်အခါ၌ ဝန်ကြီးချုပ်က ပို၍သဘောကျကျေနပ်သွားဟန် မျက်နှာထက်၌ ပီတိအခိုးငွေ့တို့ဝေဖြာနေပြီး သဘောတကျရယ်သံများသည်လည်း ပို၍ပင် ကျယ်လောင်လာခဲ့သည်။
''ကဲ! ကဲ! ဒါဆို သမီးဆီသွားလိုက်ဦးလေ မောင်သျှင်းသန့်ဦး၊ သမီးရဲ့သတို့သားလောင်းက သမီးဆီလာတာကို အဖေနဲ့ပဲစကားပြောပြီးပြန်သွားရတယ်ဆိုရင် ဘယ်ကောင်းမလဲကွဲ့ နော့်၊ သမီးသိရင်လည်း သူ့သတို့သားလောင်းက သူနဲ့မတွေ့လိုက်ရဘဲ ပြန်သွားရတယ်ဆိုရင် ဒီအဖေကိုစိတ်ကောက်ပါဦးမယ်ဗျာ ဟား ဟားး ဟားးး ''
![](https://img.wattpad.com/cover/320445930-288-k915823.jpg)
YOU ARE READING
ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2
RomanceA story about slow romance with sacrifice between Yangon university students in 1970s Start Date - 27 August 2022 End Date - 23 September 2022 Season 2 - A story about marriage couple and possessive side couples which can contain strong mature conte...