Extra 2 (Unicode)

2.7K 185 17
                                    

'ဒုန်း! ဝုန်း!! ဝုန်း!!! '

''အားးးးး!!! ''

အရိုးကွဲသည်အထိအေးစိမ့်နေပါသော ညသန်းခေါင်ယံအချိန်၌ တဒုန်းဒုန်းအသံများနှင့် နီးလာလိုက် ဝေးသွားလိုက်ဖြစ်သော အော်ဟစ်ဆူညံသံများကြောင့် မင်းနန္ဒအောင် မဖွင့်ချင်သော မျက်လုံးများကို အားယူကာဖွင့်ပြီး ဟိုကြည့်သည်ကြည့်နှင့်လုပ်နေမိသည်။

ညနေစောင်းက ငိုရင်းရှိုက်ရင်းနှင့် အိပ်ပျော်သွားပြီး သန်းခေါင်ယံအချိန်မှ ဆူဆူညံညံအသံများကြောင့် မင်းနန္ဒအောင်နိုးထလာရခြင်းပင်။

'ဝုန်း!!!! '

ရုတ်တရက်အိမ်ခေါင်မိုးပေါ်သို့ တစ်စုံတစ်ခုပြုတ်ကျလာကာ သိမ့်ခနဲတုန်သွားသောခံစားချက်နှင့် အပေါက်ဖြစ်သွားသောအိမ်ခေါင်မိုးကြောင့် မင်းနန္ဒအောင် အိပ်ချင်စိတ်များပင် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကာ ကျောရိုးတစ်​လျှောက်မတ်ခနဲဖြစ်သွားရသည်။

''မိုင်မိုင်....ပြေး.....ပြေး....''

မင်းနန္ဒအောင်နှင့်ကပ်လျက်ခြင်ထောင်ထဲရှိ အဖွားနမ့်ပန်၏ ခပ်တိုးတိုးအသံကိုကြားတော့မှ မင်းနန္ဒအောင်သတိဝင်ကာ အဖွားနမ့်ပန်အား ခပ်မြန်မြန်ပွေ့ချီပြီး ဖိနပ်ပင်မစီးနိုင်ဘဲ အိမ်ပေါ်မှ အလျင်အမြန်ပြေးဆင်းလိုက်သည်။

အိမ်​ရှေ့ရောက်သည်နှင့် ရွာထိပ်သို့ အလုအယက်ပြေးနေကြသော ကလေး၊ လူကြီးများကြောင့် အုန်းအုန်းကျွတ်ကျွတ်ဖြစ်နေကာ ပတ်ဝန်းကျင်ကိုပင် စူးစမ်းချိန်မရဘဲ ပြေးနေသောလူအုပ်ကြီးနှင့်အတူ အဖွားနမ့်ပန်အားပွေ့ချီရင်း မင်းနန္ဒအောင်ပါ လွတ်ရာသို့ထွက်ပြေးမိတော့သည်။

ရွာထိပ်အလွန်ရှိ ခပ်ပြေပြေတောင်ကုန်းငယ်တစ်ခုပေါ်၌ တစ်ရွာလုံးရှိ လူအများသည် မတ်တပ်ရပ်နေကြရင်း အပေါ်စီးမှမြင်နေရသော မိမိတို့နေထိုင်ရာ အိမ်ငယ်လေးများအား ကြည့်ရင်း မျက်ရည်များဝဲနေကြသည်။

နွမ်ဟိုင်ရွာသည် တစ်နှစ်ပတ်လုံးရေခဲနေသော ခါကာဘိုရာဇီတောင်၏ အစွန်အဖျားတောင်ကုန်း၏အောက်၌ တည်ရှိသည်မို့ ရေခဲတောင်များအား အမှီပြု၍ နေထိုင်ရသောရွာငယ်လေးဟုဆိုနိုင်ပေသည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Wo Geschichten leben. Entdecke jetzt