34 (Unicode)

2.1K 146 2
                                    

​ဒေါ်ကံ့ကော်စံတစ်ယောက် မနက်စာစားနေရင်းမှ သားဖြစ်သူအား အရိပ်တကြည့်ကြည့်,ကြည့်ကာဖြင့် သက်ပြင်းအသာချမိသည်။

''စားလေး မေ့သား.....စားမကောင်းဘူးလား ''

အုန်းနို့ခေါက်ဆွဲပန်းကန်အား ဇွန်းဖြင့် ဟိုမွှေသည်မွှေ မွှေရင်း ကံ့ကော်သက်လွင်က မိခင်ဖြစ်သူအား မျက်လုံးတစ်ချက်လှန်ကြည့်ကာ ခေါင်းခါပြလာသည်။

စကားနှင့်မတုန့်ပြန်ပေမယ့် အပြုအမူလေးနှင့်တုံ့ပြန်သည်ကိုတောင် ဒေါ်ကံ့ကော်စံတစ်ယောက်ပျော်နေရသည့်အဖြစ်။

''ညနေကျ ငါ့သားလေးဘာစားချင်လဲ မေမေ စျေးကအပြန်တစ်ခါထဲဝယ်လာခဲ့မယ်လေ ''

ထပ်မံ၍ ခေါင်းခါပြလာတဲ့ ကံ့ကော်သက်လွင်က ကိုင်ထားသော ဇွန်းအား ပန်းကန်စောင်းပေါ်သို့ အသာမှောက်တင်ရင်း ထိုင်နေရာမှထလိုက်တာမို့ ဒေါ်ကံ့ကော်စံ သားဖြစ်သူ၏အပြုအမူတစ်ခုချင်းစီအား စိုးရိမ်တကြီးလိုက်ကြည့်နေရသည်။

''သားဝပြီ....''

ပြောပြီးသည်နှင့် ထမင်းစားခန်းမှထွက်ကာ သူ့အခန်းထဲသို့ဝင်သွားသော ကံ့ကော်သက်လွင်၏နောက်ကျောပြင်လေးအား မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိကြည့်ရင်း ဒေါ်ကံ့ကော်စံ ဒုတိယမ္ပိ သက်ပြင်းတစ်ကြိမ်ထပ်ချရပြန်သည်။

'သားရူးတော့မယ် မေမေရယ် မောင်ကသားကိုထားသွားပြီ ' ဟူသောစကားအား တဖွဖွရေရွတ်ရင်း ကြမ်းပြင်၌လူးလှိမ့်ကာ အော်ဟစ်ငိုယိုခဲ့သော သူ(မ)သားလေး၏ အသွင်အား အခုထိ သူ(မ)မျက်လုံးထဲကပင် မထွက်သေးပေ။

ဒုတိယနှစ်ဝက်စာမေးပွဲဖြေပြီးမှ ကံ့ကော်သက်လွင် အခုလို တည်တည်ငြိမ်ငြိမ်ဖြစ်သွားခြင်းဖြစ်သည်။

အသက်ရှင်နေပေမယ့် ခံစားချက်မရှိသလိုပြုမူနေသော သေလူတစ်ယောက်လို ဖြစ်နေသော သားဖြစ်သူအား ကြည့်ကာ ဒေါ်ကံ့ကော်စံရင်ထုမနာဖြစ်နေရသည်။

သားရဲ့အသည်းကို ရက်ရက်စက်စက် ခွဲသွားတဲ့ အနှီကောင်လေးကိုလည်း ဒေါ်ကံ့ကော်စံ သားသမီးချင်းပင်မစာနာနိုင်တော့ဘဲ သွားကာ ရန်တွေ့ချင်မိသည်အထိ။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Donde viven las historias. Descúbrelo ahora