S2- 11

1.9K 131 17
                                    

'ဒုတ် ဒုတ် ဒုတ် '

တိတ်ဆိတ်နေသောပတ်ဝန်းကျင်အား ဖြိုခွဲနေပါသော တဒုတ်ဒုတ်အသံသည်ကား အိမ်ရှေ့ရှိ မြေကွက်လပ်လေး၌ ထင်းများအား အားပါပါနှင့်ခွဲနေပါသော မင်းနန္ဒအောင်၏ ထင်းခွဲနေသောအသံပင်ဖြစ်သည်။

ပုဆိန်တစ်ချက်ချလိုက်သည်နှင့် အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားသော ထင်းအစလေးများနှင့်အတူ အားစိုက်ကာထင်းခွဲနေပါသော မင်းနန္ဒအောင်သည်လည်း နှဖူးကချွေးများပင် ခြေမသို့ တစ်စက်ချင်းစီ ကျဆင်းနေပြီး နွေဦးပင်ဖြစ်လင့်ကစား ရေခဲမှတ်အောက် သုံညသာရှိသော အအေးဓာတ်လွန်ကဲလှသည့်ဒေသ၌ ချည်သားရှပ်လက်တိုလေးသာဝတ်ထားသောကြောင့် မည်မျှပင် အလုပ်ကြိုးစားလွန်း၍ နွမ်းလျမောဟိုက်နေမှန်းသိသာလှပါသည်။

''ဟာ! မိုင်မိုင်......! အေးကအေးနဲ့ကွာ ဘာလို့ အနွေးထည်မဝတ်ထားရတာလဲ ''

သစ်သားပုတိုလေးများဖြင့် ကာသည်ဆိုရုံသာကာထားသော ခြံစည်ရိုးအဝလေးနားမှနေ၍ လူကိုမမြင်ရသေးခင်ပင် အသံအရင်ကြားရသော ကိုကြည်သာ၏ အသံကြောင့် မင်းနန္ဒအောင် ထင်းခွဲနေရာမှရပ်လိုက်၍ နှဖူးမှတတောက်တောက်ကျဆင်းနေသော ချွေးများအား လက်ဖျံဖြင့်ပင် အကြမ်းပတမ်း ဆွဲသုတ်လိုက်ကာ   အသံလာရာ ခြံစည်းရိုးအဝသို့ လှမ်းကြည့်လိုက်သည်။

လက်ထဲ၌အထုပ်တစ်ထုပ်ကိုင်ထားပြီး အပြုံးချိုချိုကလေးနှင့် ကိုကြည်သာတစ်ယောက် အနားရောက်လာသောအခါမှ မင်းနန္ဒအောင် စကားစလိုက်လေသည်။

''ဘယ်ကနေဘယ်လိုလှည့်လာတာလဲ ကိုကြည်သာ၊ မြို့ပေါ်သွားတယ်လို့ကြားလိုက်မိသလားလို့ မသွားဖြစ်ဘူးလား ''

သူ့စကားအား ကိုကြည်သာက ပြုံးလျက်ပင်ပြန်ဖြေလာသည်။

''သွားတယ်လေ ၊ မနေ့ကညနေကသွားတာ အခုမှပြန်ရောက်တာ၊ မြို့ပေါ်မှာဝယ်စရာရှိတာဝယ်ပြီးတာနဲ့ အားချင်းရွာကိုပြန်ခဲ့တာတောင် တစ်ညကုန်သွားတာပဲ ''

ကိုကြည်သာ့စကားအား မင်းနန္ဒအောင် ခေါင်းတညိတ်ညိတ်လုပ်ရင်းသာတုံ့ပြန်လိုက်သည်။

ကိုကြည်သာသွားသော မြို့ပေါ်ဆိုသည်က ရန်ကုန်မြို့ပေါ်မဟုတ်ပေ၊ နွမ်ဟိုင်ရွာနှင့် အနီးဆုံးဖြစ်သော တရုတ်-မြန်မာ နယ်စပ်မြို့ကလေးဖြစ်သည့် ချီဖွေမြို့ပင်ဖြစ်သည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Where stories live. Discover now