31.

1.7K 141 6
                                    

Unicode

''နန္ဒဒီကာက ဒီအဖွားတော်ကို ပုန်ကန်ချင်နေတယ်ဆို ''

မယ်မယ်ကြီး၏စကားကြောင့် နန္ဒဒီကာ မယ်မယ်ကြီးအား နားမလည်သလိုကြည့်လိုက်သည်။

''မယ်မယ်ကြီး ဘာကို.....''

''ကောင်လေးတစ်ယောက်ကြောင့် နန္ဒဒီကာက ဆက်ခံသူနေရာကိုတောင် လက်လျော့မယ်တဲ့လား အဟင်း! ''

''........''

''နန္ဒဒီကာက သိပ်ကိုသတ္တိကောင်းနေတာပဲ ''

နန္ဒဒီကာ လက်ဖျားခြေဖျားများပင်အေးစက်လာကာ မယ်မယ်ကြီးအား စေ့စေ့ပင်မကြည့်ရဲတော့ပေ။

မယ်မယ်ကြီးက သူနဲ့ သက်လွင်ရဲ့အကြောင်းကို သိသွားပြီဆိုတဲ့ အသိက နန္ဒဒီကာအား အသက်ရှုရပင်ကြပ်စေကာ ရင်ဘက်ထဲ၌ တင်းကြပ်မှုတို့အား ဆိုးဆိုးဝါးဝါးခံစားလာရသည်။

''ငါ့ကိုပုန်ကန်ချင်ရအောင် မင့်မှာ ဘယ်လိုအာဏာမျိုးရှိလို့လဲ နန္ဒဒီကာရဲ့....ဟင်! ''

''.........''

မယ်မယ်ကြီး၏ ထိုးနှက်ချက်စကားများအကြား နန္ဒဒီကာ တုံ့ပြန်နိုင်စွမ်းမရှိပါဘဲ လက်နှစ်ဖက်ကိုသာ အချင်းချင်းပွတ်ချေနေမိသည်။

အတွေးထဲ၌တော့ သက်လွင်အား မည်သို့ကာကွယ်ပေးရမလဲဆိုတဲ့ အကြံဥာဏ်ကိုသာ အလျင်အမြန်စဥ်းစားနေမိသည်။

''သူများလက်ကိုငှားပြီး သွေးစွန်းစေခဲ့တာများလာတော့ ဒီတစ်ခေါက် ကိုယ့်ရဲ့မြေးတော်အရင်းနဲ့ကျမှ ကိုယ်တိုင်လက်သွေးစွန်းရတော့မှာပဲ....''

မယ်မယ်ကြီးစကားကြောင့် နန္ဒဒီကာ မယ်မယ်ကြီးအား အလန့်တကြားကြည့်လိုက်သည်။

သက်လွင်ကိုထိခိုက်လို့မဖြစ်ဘူး!

''မယ်မယ်ကြီး.....မဟုတ်ဘူး....ကျွန်ုပ်က....''

''တစ်ယောက်ယောက်ကိုအသက်ရှင်စေချင်သေးရင် ဘာလုပ်ရမလဲဆိုတာသိတယ်မလား နန္ဒဒီကာ....''

နန္ဒဒီကာ မယ်မယ်ကြီးအား အချိန်ပင်မဆိုင်းဘဲ ခေါင်းအမြန်ညိတ်ပြလိုက်သည်။

''ကျွန်ုပ်....ကျွန်ုပ် ဆက်ခံသူရွေးပွဲမှာအနိုင်ရအောင်လုပ်မှာပါ မယ်မယ်ကြီး''

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Donde viven las historias. Descúbrelo ahora