21.

2.3K 195 2
                                    

Zawgyi

'ကလင် ကလင် ကလင် ကလင်'

တရွေ့ရွေ့ကုန်ဆုံးလာပါသော အချိန်ကာလတစ်ခု၏အောက်၌ ခပ်ကျယ်ကျယ်ဘဲလ်တီးသံတစ်ခုသည် အခုတစ်လော ရန်ကုန်တက္ကသိုလ်ဝန်းကြီးထဲ၌ ညနေဆည်းဆာအချိန်များတွင်ကြားရတတ်သော အသံတစ်ခုဖြစ်သည်။

အဆက်မပြတ် ထွက်ပေါ်လာသောဘဲလ်တီးသံသည် ကျောင်းဆင်းလာကြသော ကျောင်းသားကျောင်းသူများကိုရှောင်ကွင်းလိုပြီး တစ်စုံတစ်ရာဆီသို့ အရောက်သွားချင်သော အလျင်လိုနေမှုကို ဖော်ပြနေသယောင်ပင်။

အဓိပတိလမ်းမကြီးထက်၌ တလှစ်လှစ်ပြေးနေသော တရုတ်စက်ဘီးအနီရောင်လေး၏ ပဲ့ကိုင်ရှင်သည်ကတော့ ဆံပင်လေးတွေ လေ၌ဝဲခါကာ စက်ဘီးအရှိန်ကိုသေချာထိန်း၍ မောင်းနှင်နေပါသော ကံ့ကော်သက်လွင်ပင်ဖြစ်သည်။

ဟိုတလောက ဘောလုံးအသင်းဥက္ကဌဖြစ်တဲ့ ကိုအောင်ဦးနဲ့ ဗိုလ်ချုပ်ဈေးသို့ အားကစားပစ္စည်းသွားဝယ်ရန်အဖော်လိုက်ရင်းနဲ့မှ ဗိုလ်ချုပ်ဈေးအနောက်ဘက် အဟောင်းဈေးတန်းထဲရှိ ဒီတရုတ်စက်ဘီးအနီရောင်လေးအား ကံ့ကော်သက်လွင်မျက်စိကျသွားသောကြောင့် ဝယ်လာခြင်းဖြစ်သည်။

ဟောင်းနွမ်းနေတာမျိုးမဟုတ်ဘဲ ခပ်လတ်လတ်ပင်ရှိသေးသော စက်ဘီးအနီရောင်လေးသည် တက္ကသိုလ်ဝန်းကြီးထဲ၌ ကံ့ကော်သက်လွင်သွားလိုရာသို့ မြန်ဆန်သောအရှိန်နှင့်လိုက်ပို့ပေးနိုင်သေးတာမို့ ကံ့ကော်သက်လွင်တစ်ယောက် အခုဆို ဘယ်နေရာသွားသွား စက်ဘီးကလေးဖင်ကြားညပ်ကာ မြောက်ကြွမြောက်ကြွပင်ဖြစ်နေတော့သည်။

စ,စဝယ်တုန်းက မစီးတတ်,စီးတတ်နှင့် မြောင်းထဲနှစ်ခါထိုးကျပြီးသွားတဲ့နောက်မှာတော့ စက်ဘီးလေးနှင့် ကံ့ကော်သက်လွင်ဟာ အခုဆို တစ်သားတည်းပင်ဖြစ်သွားပြီဖြစ်သည်။

ထို့အပြင် အခုတစ်လော၌ ကံ့ကော်သက်လွင်နှင့် သူ့စက်ဘီးအကြောင်းဟာလည်း တောင်ငူဆောင်တစ်ခုလုံးရှိ လူတိုင်း၏ပါးစပ်ဖျားထဲတွင် ရေပန်းစားနေသော အကြောင်းအရာတစ်ခုလည်းဖြစ်နေပေသည်။

ကံ့ကော်သက်လွင်သည် သဘောကောင်းကာ လူတိုင်းကိုကူညီတတ်သောသူဖြစ်သည်။ ပိုက်ဆံကအစ အဝတ်လျှော်ဆပ်ပြာတုံးအဆုံး သူများတွေကချေးငှားလာလျှင် လက်တစ်ချက်မတွန့်ဘဲ ချေးငှားတဲ့သူက အခု သူ့ရဲ့တရုတ်စက်ဘီးအနီရောင်ကိုကျမှ အဆောင်အောက်၌ သော့ခတ်ထားသည့်အပြင် 'ဘယ်သူ့မှမစီးရ' ဟူသော စာတန်းအား စက်ဘီးခြင်း၌ ကပ်ထားသေးတာမို့ လူတိုင်းက သူ့စက်ဘီးအား ပို၍ မျက်စိကျနေကြသည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Donde viven las historias. Descúbrelo ahora