Unicode
ကံ့ကော်သက်လွင်နေထိုင်ရာ ကျွန်းတောလမ်းသည် ရန်ကုန်တက္ကသိုလ်မှ ၁၅မိနစ်ခန့်မျှလမ်းလျှောက်လိုက်လျှင်ရောက်သောနေရာဖြစ်သည်ကို သိလိုက်ရသည့်အခါမှာတော့ မင်းချမ်းမွန်တအံ့တသြဖြစ်ရသေးသည်။
နန္ဒမာလာစံအိမ်သည် ရန်ကုန်နှင့်ပဲခူးကြားရှိ လူသူကင်းမဲ့ကာ ဧကအတော်ကျယ်သော ခြံဝန်းကြီး၌တည်ရှိတာမို့ စံအိမ်၌သာအမြဲနေလေ့ရှိသော မင်းချမ်းမွန်သည် ရန်ကုန်မြို့အား နေရာအနှံသိပ်မရောက်ဖူးတာမို့ အံ့သြနေရခြင်းဖြစ်သည်။
ကျောင်းနှင့်နီးသောအိမ်၌ သက်တောင့်သက်သာမနေဘဲ အဆောင်၌လာနေသော သက်လွင်ဟာ မင်းချမ်းမွန်ကဲ့သို့ တက္ကသိုလ်ကျောင်းသားဘဝကိုလွတ်လွတ်လပ်လပ်ခံစားကြည့်ချင်ခြင်းဖြစ်မှန်း နားလည်သဘောပေါက်မိသည်။
လူကုန်တန်အသိုင်းအဝိုင်းနေထိုင်ရာနေရာဖြစ်လောက်သည့် ကျွန်းတောလမ်းထဲ၌ အိမ်ကြီးအိမ်ကောင်းများစွာရှိနေတာမို့ သက်လွင်သည်လည်း လူတန်းစေ့နေနိုင်သောအသိုင်းအဝိုင်းကဖြစ်မှန်း မင်းချမ်းမွန်ရိပ်မိလိုက်သည်။
အိမ်ကြီးအိမ်ကောင်းများအား တစ်အိမ်ပြီးတစ်အိမ်ကျော်လွန်အပြီးမှာတော့ အသင့်အတင့်ကျယ်ဝန်းသောခြံကလေးထဲရှိ တစ်ထပ်တိုက်အိမ်ပုကလေးရှေ့၌ သက်လွင်က ခြေလှမ်းများကိုရပ်တန့်လိုက်သည်။
ပန်းပေါင်းစုံစိုက်ပျိုးထားပြီး နှင်းဆီပန်းအနီကလေးများကိုပိုပိုသာသာစိုက်ပျိုးထားသောခြံကလေးက မင်းချမ်းမွန်အား စံအိမ်၏ အနောက်ဆောင်တော်ရှိရာသို့ လွမ်းဆွတ်တမ်းတစေသည်။
''ဒါ ငါ့အိမ်လေ မောင် ''
အိမ်လေးရှိရာသို့မေးဆတ်ပြကာ ပြောပြီးနောက် ခြံတံခါးလေးဖွင့်ကာ အထဲဝင်သွားသော သက်လွင်အားကြည့်ရင်း မင်းချမ်းမွန် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။
ရန်ကုန်မြို့၏ ဆောင်းအတု ၊ မိုးအတု ၊ နွေအတုနှင့် အပြုံးတုများကြား၌ ကံ့ကော်သက်လွင်နှင့် ကံ့ကော်သက်လွင်နေထိုင်ရာအိမ်ကလေးကတော့ မင်းချမ်းမွန်အား စစ်မှန်ခြင်းဟူသော ခံစားချက်ကို ပေးစွမ်း၏။
![](https://img.wattpad.com/cover/320445930-288-k915823.jpg)
VOCÊ ESTÁ LENDO
ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2
RomanceA story about slow romance with sacrifice between Yangon university students in 1970s Start Date - 27 August 2022 End Date - 23 September 2022 Season 2 - A story about marriage couple and possessive side couples which can contain strong mature conte...